ဒီနေ့ထုတ် သတင်းစာမှာ ပါလာခဲ့ပါပြီ။

မူပိုင်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး ခီဇနီးမောင်နှံတို့က ပြတ်ပြတ်သားသား ဆောင်ရွက်လိုက်ပါပြီ။ 'ဥပါတံမျဉ်'ရုပ်ရှင်ဇာတ်ကား ကို ခွင့်ပြုချက် မရှိပဲ အွန်လိုင်းမှာ တင်ခဲ့သူတွေရော အခွေအဖြစ်  ရောင်းချသူတွေကိုပါ အရေးယူတော့မှာ ဖြစ်ပါတယ်။



 

ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ 'ဥပါယ်တံမျဉ်' ရုပ်ရှင်ဇာတ်ကားဟာ အန်လိုင်းပေါ်မှာရော အပြင်အခွေရောင်းတဲ့နေရာတွေမှာ ပြန့်လို့နေပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကို Video အနေနဲ့သော်လည်းကောင်း Digital File အဖြစ်လည်းကောင်း၊ Online Media များမှ တစ်ဆင့်သော်လည်း လုံးဝပြသခဲ့ခြင်းမရှိသလို ပြသခွင့်လည်း လုံးဝပေးထားခြင်း မရှိပါဘူး။

Central Base Productions ကနေ ထုတ်လုပ်ထားတဲ့ 'ဥပါတံမျဉ်'ရုပ်ရှင်ဇာတ်ကားကို ခွင့်ပြုချက်မရှိပဲ အွန်လိုင်းမှာ တင်ခဲ့သူတွေရော အခွေအဖြစ်  ရောင်းချသူတွေကိုပါ အရေးယူတော့မှာ ဖြစ်ပါတယ်။ 'ဥပါယ်တံမျဉ်' ရုပ်ရှင်ဇာတ်ကား မူပိုင်ခွင့်ချိုးဖောက်ခြင်းနဲ့ ပတ်သက်ပြီး အရေးယူမယ့်အကြောင်းကို ဒီနေ့(ဇူလိုင်၃ရက်)ထုတ် ကြေးမုံသတင်းစာမှာ ထည့်သွင်း ကြေညာထားတာ ဖြစ်ပါတယ်။

 

သတင်းစာထဲမှာ 'ဥပါယ်တံမျဉ်' ဇာတ်ကားကို ဖေ့စ်ဘွတ်ပေါ်မှာ Digital Format ဖြင့် တစ်ဦးနဲ့တစ်ဦး ကူးယူမျှဝေခြင်း၊ ခိုးကူးခွေများ အဖြစ် ကူးယူခြင်းတို့ဖြင့် 'ဥပါတံမျဉ်' ရုပ်ရှင်ဇာတ်ကားရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်လျက်ရှိကြောင်း သိရပါတယ်။

အဲ့ဒါကြောင့် အီလက် ထရော်နှစ် ဆက်သွယ်ရေးနဲ့ မူပိုင်ခွင့်ချိုးဖောက်ကာ တရားမဝင်ဆောင်ရွက်သူများအား တည်ဆဲဥပေဒေများနဲ့ ထိရောက်စွာ အရေးယူမှာ ဖြစ်ကြောင်း သတင်းစာထဲတွင် ထည့်သွင်းကြေညာထားပါတယ်။

အိမ်ထောင်သက်တမ်း (၁၂)နှစ်ပြည့်သွားပြီဖြစ်တဲ့ ခီစုံတွဲ 

ထိုကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ရင်ဖွင့်ရေးသားခဲ့ပါတယ်။

'' ကျွန်မရဲ့ရုပ်ရှင် online မှာ စပြန့်လာပါတယ်။ အနုပညာနဲ့ပက်သက်ရင် ကျွန်မ ရိုးသားပြီး ရုန်းကန်ခဲ့ရတဲ့အလုပ်တခုဖြစ်နေတဲ့အတွက် ကျွန်မအနေနဲ့ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ စဖြန့်တဲ့ သူကိုလည်း ကျွန်မ screen shot ယူထားပါတယ် " ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ ပါတယ်။

 

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးဟာ  ပရိသတ်တွေမြင်နေကျ မြန်မာဇာတ်ကားတွေထဲက ခွဲထွက်သွားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား လည်း ဖြစ်ပါတယ်။ ဇာတ်ကား နမူနာ ထွက်ချိန်မှာပရိသတ်တွေက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်ကားတစ်ကားလို့ ထင်ခဲ့ကြပေ မယ့်လည်း တကယ်တမ်း ဇာတ်ကားတစ်ခုလုံးကို ကြည့်တဲ့အချိန်မှာ လှည့်ကွက်တွေများစွာ သုံးထားတာကို တွေ့မြင်ရပါတယ်။

ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဇဏ်ခီနဲ့ အောင်မြင့်မြတ် တို့က ပရိသတ်အားပေးမှုကို တစ်ခဲနက် ရရှိခဲ့တာပါ။ ဇဏ်ခီဟာလည်း သူသရုပ်ဆောင်ရတဲ့ကာရိုက်တာနဲ့ လိုက်ဖက် ညီအောင် ကြိုးစားနိုင်ခဲ့သလို အောင်မြင့်မြတ်ဟာလည်း သူ့ရဲ့ ကာရိုက်တာကို အပိုအလိုမရှိအောင် သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

 

ဒီရုပ်ရှင်ဇာတ်ကားကြီးကို အမျိုးသမီးဒါရိုက်တာ  ခရစ်(စ)တီးနားခီက ရိုက်ကူးတာဖြစ်ပြီး ဇဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ ထိုင်းမင်းသမီး လေး Kaew Korravee ၊ မင်းဦး၊ ခြူးစစ်ဟန်၊ ကျော်ကိုကိုဝေတို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က