မမျှော်လင့်ခဲ့ပါဘူးတဲ့။

Best Director Award ဆုကို ဥပါယ်တံမျဉ် ရုပ်ရှင်ကားကြီးနဲ့ ခရစ္စတီးနားခီ က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Best Director Award  ဆုကို ဒါရိုက်တာ ခရစ္စတီးနားခီက ''ဥပါယ်တံမျဉ်''ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။



‘’ဆုကတော့ မျှော်လင့်ထားတာ မရှိပါဘူး။ ကျွန်မတို့ကို ဘယ်လမ်းကြောင်းပေးမှာလည်းဆိုတာ သိချင်ခဲ့တာပါ။ ဒီဆုကို ထုတ်ပြလိုက်တဲ့အတွက် ရှေ့ဆက် လမ်းကြောင်းပြပေးတယ်လို့ထင်ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆုရရှိသွားသူတွေကိုလည်း ဂုဏ်ယူပါတယ်။ ရုပ်ရှင်ရိုက်ရင် ပိုက်ဆံရချင်တာလား Star ဖြစ်ချင်တာလား ဆိုတာကိုလည်း ကျွန်မဆရာက သင်ကြားပေးခဲ့ပါတယ်။ အဆင်မပြေမှုတွေ အများကြီးကို ကြုံတွေ့ခဲ့ရပါတယ်။ ရုပ်ရှင်တစ်ကား ရုံပေါ်ရောက်လာတဲ့အထိ ရုပ်ရှင်ဇာတ်ကား ရုံတင်ဖို့ဆိုတာ တော်တော် ကြိုးစားခဲ့ရတာပါ'' လို့ သူကဆိုပါတယ်။

Star Awards ဆုပေးပွဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု၊ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆု (၅) ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Fashion ဆု ၃ ဆု တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) စီ၊ ရုပ်သံဇာတ်လမ်းတွဲ ဆုရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့ သိန်း (၃၀) စီ၊ ဖက်ရှင်ဆုရရှိသူများကို ရွှေ ၂ ကျပ်သားရှိတဲ့ ရွှေရင်ထိုးတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ StarAwards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ EvenPark မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က