Ultra-wide Monitor Resolution နဲ့အတူ Unlocked လုပ်ထားတဲ့ Frame Rate နဲ့ ကြေညာမှာပါ

Marvel's Spiderman ဂိမ်း ထုတ်လုပ်သူ အဖြစ် လူသိများတဲ့ Insomniac Game လက်ရာ 3rd Person Shooter ဂိမ်းလည်းဖြစ် လူကြိုက်များတဲ့ Ratchet & Clank: Rift Apart ဂိမ်းဟာ မကြာခင် PC ပေါ်ရောက်လာမယ်လို့ ကြေညာခဲ့ပါတယ်။


Ratchet & Clank စီးရီးဟာ PlayStation မှာ နှစ် ၂၀ ကျော် ကျက်စားပြီးနောက် ပထမဆုံးအကြိမ် တခြား Platform ပေါ် ရောက်လာခြင်း ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားသလို Sony Interactive Entertainment ရဲ့ First-party Release ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။


2020 မှာ Horizon Zero Dawn ကို PC ပေါ် ရောင်းချခဲ့ရာက God of War ၊ Marvel's Spider-man နဲ့ Miles Morales တို့ အဆင့်ဆင့် ရောက်လာခဲ့ပါတယ်။ အခု Rift Apart ဂိမ်း PC Version ကို Nixxes Software ကိုင်တွယ်မှာဖြစ်ပြီး Announce Trailer ကို အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်။




PS5 မှာ Rift Apart မိတ်ဆက်တုန်းက မျက်စိ ပဿာဒဖြစ်စေတဲ့ Animated Visual ၊ စိတ်ဝင်စားဖွယ် Story နဲ့ အထူးသဖြင့် Gameplay ပိုင်းတွေမှာ ချီးမွမ်းခံထားရပြီး နာမည်ကြီးဂိမ်းကိုသာ PC ပေါ် ထပ် မိတ်ဆက်တယ် တနည်း ထပ်ရောင်းစားတယ်လို့ သုံးသပ်မိပါတယ်။


Nixxes အဆိုရ 21:9 ၊ 32:9 နဲ့ 48:9 အစရှိတဲ့ Ultra-wide Monitor Ratio တွေကို ထောက်ပံ့မယ့်အပြင် Frame Rate Unlock လုပ်ထားမှာ ဖြစ်တယ်လို့ ဆိုထားတဲ့အတွက် Rift Apart PC Version ကို Upsacling နည်းပညာတွေနဲ့ မြင်ရမယ်လို့လည်း ပြောနိုင်ပါတယ်။


Rift Apart ဟာ PS4 ပေါ်မှာ ထွက်ရှိခဲ့တဲ့ Rachet & Clank ရဲ့ Sequel Story ပါ။ တကယ်လို့ စာဖတ်သူတွေ အနေနဲ့ စိတ်ဝင်စားရာ Original ကို အရင် မြည်းစမ်း စေလိုပြီး ယခု ကြေညာထားတဲ့ ဂိမ်းသစ်ကိုတော့ ဇူလိုင်လ ၂၆ ရက်က စတင်ပြီး Steam နဲ့ Epic Store တွေမှာ ရောင်းချ သွားမယ်လို့ သိရပါတယ်။


စျေးနှုန်း အတိကျ မသိရသေးပေမယ့် The Last VRAM of Us တုန်းကလို ဂိမ်မာ အများစု သွားရည် ရှယ်ယိုနေတဲ့ ဂိမ်းကို သေချာ Optimization မလုပ်ဘဲ "Copy & Paste" လုပ်ခဲ့တဲ့ Naughty Dog လို မဖြစ်ဖို့တော့ မျော်လင့်ရမှာပါ။


Source: Polygon Gaming

Share

Loading Next Article...
က္က