ယူနိုက်တက်နဲ့ပေါ့ဘာအကြား အဆင်မပြေမှုတွေရှိနေဆဲပါ။

ယူနိုက်တက်နည်းပြဆိုးလ်ရှားနဲ့အကြား အဆင်မပြေမှုများရှိနေတယ်လို့သတင်းထွက်ပေါ်ခဲ့တဲ့ ပေါ့ဘာကို ခေါ် ယူဖို့ ဥရောပအသင်းကြီးအများစုက စိတ်ဝင်စားနေကြတာပါ။

ဂျူဗင်တပ်အသင်းအနေနဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမားပေါ့ဘာကို ခေါ်ယူဖို့အတွက် တန်ကြေးတစ်ရပ် အပြင် ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ပီဂျာနစ်၊ ကော်စတာတို့ကိုပါ အလိုက်ပေးဖို့ ပြင်ဆင်နေတယ်လို့ အ တလီမီဒီယာတွေရဲ့ဖော်ပြမှုကို thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ယူနိုက်တက်အနေနဲ့လည်း ဒေါ့မွန်တိုက်စစ်မှူးဆန်ချိုကို ခေါ်ယူနိုင်ရေးအတွက် ပေါ့ဘာအတွက် ကမ်းလှမ်းမှု များကို လက်ခံဖို့ရှိနေပြီး နည်းပြဆိုးလ်ရှားကိုယ်တိုင်ကလည်း အပြောင်းအ လဲအချို့ပြုလုပ်ဖို့ရှိနေတယ်လို့ လ ည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။



ဂျူဗင်တပ်အသင်းတွင် အောင်မြင်မှုများစွာရရှိခဲ့သော်လည်း အသင်းဟောင်းယူနိုက်တက်ရဲ့ စံချိန်တင်ကြေးနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကိုပြန်လည်ခြေချခဲ့တဲ့ ပေါ့ဘာအနေနဲ့ နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်လူစာရင်းအတွင်း ပါဝင်ဖို့မသေချာတော့တဲ့အခြေအနေကြောင့် အသင်းပြောင်းဖို့စီစဉ်နေသူလည်းဖြစ် ပါတယ်။

ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူရွိုင်အိုလာကတော့ ရီးရဲလ်အသင်းဆီကိုကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားတွေပို့ပေး ဖို့ရှိနေတယ်လို့ အရိပ်အမြွတ်ထုတ်ဖော်ပြောဆိုထားခြင်းကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့နီးစပ်တဲ့အခြေအ နေတစ်ခုမှာ ရှိနေခဲ့တာပါ။

အပြောင်းအရွှေ့အတွက် သတင်းထွက်ပေါ်မှုတွေကို ယူနိုက်တက်ဘက်က တစ်စုံတစ်ရာတုံ့ပြန်မှုတွေမရှိပေမ ယ့် အီတလီမီဒီယာအများစုကတော့ လာမယ့်အပြောင်းအရွှေ့ကာလအတွင်း ဂျူဗင်တပ်အသင်းဆီကိုပေါ့ဘာ သေချာပေါက်ရောက်လာလိမ့်မယ်လို့ footballitalia၊ La Gazzetta dello Sport တို့ကလည်း အခိုင်အမာဖော်ပြ နေကြပါသေးတယ်။

Share

Loading Next Article...
က္က