ပြင်သစ်ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာအနေနဲ့ နည်းပြဆိုးလ်ရှားနဲ့အကြား အဆင်မပြေမှုအချို့ရှိခဲ့တယ် လို့ သတင်းဖော်ပြမှုတွေရှိခဲ့သလို လက်ရှိမှာလည်း အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တဲ့ ပေါ့ဘာအနေနဲ့ နေအိမ်အတွင်း သီးသန့်လေ့ကျင့်မှုများပြုလုပ်ခဲ့ချိန်မှာ ဂျူဗင်တပ်ဂျာစီဝတ်ဆင်ထားခဲ့တဲ့အတွက် ပရိသတ်အချို့ ရဲ့မေးခွန်းထုတ်မှုများရှိလာခဲ့သလို စိတ်လှုပ်ရှားစရာအခို်က်အတံ့တစ်ခုဖြစ်လာခဲ့တယ်လို့ dailymail ကဖော်ပြ လာပါတယ်။
ထွက်ပေါ်လာတဲ့ရုပ်သံမှတ်တမ်းနဲ့ ဓါတ်ပုံတွေအရ ပေါ့ဘာအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် နေအိ မ်တွင်သာ သီးသန့်လေ့ကျင့်မှုများပြုလုပ်နေစဉ်အတွင်း ဂျူဗင်တပ်ဂျာစီဝတ်ဆင်ခဲ့တာဖြစ်ပြီးပရိသတ်အချို့ကြား တွင် ရုတ်တရက်ဆိုသလို ဝေဖန်အချို့ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။
ဝေဖန်မှုတွေရှိခဲ့ပေမယ့် ပေါ့ဘာအနေနဲ့ပြင်သစ်လက်ရွေးစင်အသင်းဖော်ကွင်းလယ်ကစားသမားမာတူဒီရဲ့ကျော နံပါတ် ၁၄ပါဂျာစီကိုဝတ်ဆင်ခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးခံထားရတဲ့ နိုင်ငံ့လက်ရွေးစင်အတွက် အဓိကရည် ရွယ်ခဲ့တာဖြစ်တယ်လို့လည်း နောက်ပိုင်းမှာအတည်ပြုပြောဆိုဖြေရှင်းမှုတွေပြုလုပ်သွားခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာဖို့အတွက် ပေါ့ဘာကို ဖိတ်ခေါ်ခဲ့ဖူးတဲ့ မာတူဒီအနေနဲ့ လက်ရှိ မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းကြောင့် သီးသန့်ဆေးကုသမှုများခံနေရသူဖြစ်ပြီး စောင့်ကြည့်နေရဆဲ အခြေအနေဖြစ်ပေမယ့် စိုးရိမ်စရာအခြေအနေမရှိဘူးလို့လည်း သိရပါတယ်။
ပေ့ါဘာအနေနဲ့ လက်ရှိဘောလုံးရာသီအတွင်း ကြံ့့ခိုင်မှုပိုင်းလိုအပ်ချက်ကြောင့် မကြာခဏဒဏ်ရာပြဿနာနဲ့ရ င်ဆိုင်နေရသူဖြစ်ပြီး ယူနိုက်တက်အသင်းကနေထွက်ခွာဖို့ ဆန္ဒရှိနေသူဖြစ်သလို ရီးရဲလ်၊ ဂျူဗင်တပ်အသင်းတို့ ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူလည်းဖြစ်ပါတယ်။