ပေါ့ဘာနဲ့ယူနိုက်တက်အကြား ညှိနှိုင်းမှုအချို့ရှိနေဆဲပါ။

ဂျူဗင်တပ်အသင်းရဲ့ တရားဝင်ကမ်းလှမ်းမှုကို လက်ခံရရှိထားတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ပေါ့ဘာတို့အကြား တရားဝင်ဆွေးနွေးမှုအချို့ပြုလုပ်နေခဲ့တယ်လို့ သတင်းဖော်ပြမှုများရှိ နေခဲ့ပေမယ့် အဆင်မပြေမှုအချို့ရှိနေခဲ့တဲ့အတွက် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်ရှိနေတယ်လို့ as. Com က အခိုင်အမာဖော်ပြလာခဲ့ပါတယ်။

လက်ရှိမှာဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ ပေါ့ဘာအနေနဲ့သီးသန့်အပေါ့စားလေ့ကျင့်မှုအချို့ ကိုသာပြုလုပ်နေရတာဖြစ်ပြီး အပြောင်းအရွှေ့အတွက် အေးဂျင့်ရွိုင်အိုလာက အဓိကဆောင်ရွက်နေ တာလည်းဖြစ်ပါတယ်။



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတည်းက လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တဲ့ ပေါ့ဘာရဲ့အပြောင်းအရွှေ့အပေါ် အ ကိုဖြစ်သူ မာသီးယက်စ်က အရိပ်အမြွတ်ပြောဆိုမှုအချို့ပြုလုပ်ခဲ့ပြီး ယူနိုက်တက်ကနေ ထွက်ခွာဖို့အ တွက် ဆန္ဒပြင်းပြနေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တာပါ။

သတင်းထွက်ပေါ်မှုတွေအရ ယူနိုက်တက်အနေနဲ့ ပေါ့ဘာကို အသင်းမှာဆက်ရှိနေဖို့အတွက် အလိုရှိ နေခဲ့ပြီး လက်ရှိမှာလည်း အေးဂျင့်ရွိုင်အိုလာကိုယ်တိုင် အသင်းတာဝန်ရှိသူတွေနဲ့အကြား ဆွေးနွေးမှု များစွာပြုလုပ်နေခဲ့ပြီး သဘောတူုညီမှုအချို့ရရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။

“ နည်းပြဆိုးလ်ရှားနဲ့ကစားသမားအကြား သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ညှိနှိုင်းမှုအချို့ပြုလုပ်ခဲ့ပြီးသဘော တူညီမှုအချို့ရခဲ့ပေမယ့် ဘာမဆိုဖြစ်လာနိုင်သေးတဲ့အခြေအနေပါ။ ကစားသမားဖြစ်သူကိုယ်တိုင်က တော့ ကြံ့ခိုင်မှုအပြည့်နဲ့ပြန်ကစားနိုင်ဖို့အတွက်ပဲ စိတ်အားထက်သန်နေပါတယ် ” လို့ အေးဂျင့်ရွိုင်အို လာရဲ့ မှတ်ချက်ပြုမှုကို skysports က အခိုင်အမာဖော်ပြခဲ့ပါတယ်။

Share

က္က