ပေါလ်က လေးစားမှု အပြည့်ရှိပြီးသားပါ။အလားတူ အသင်းကလည်း သူ့အပေါ် လေးစားမှု ထားပါတယ်။

ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ကမ္ဘာ့ချန်ပီယံ ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ ပတ်သက်ပြီး အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက အခုလိုပဲ အတည်ပြု ပြောကြားလိုက်ပါတယ်။

ရွိုင်အိုလာက သူ့ ကစားသမားအနေနဲ့ အသင်းမှာ ပျော်နေပြီး လာမယ့် ဇန်နဝါရီမှာအသင်းက ထွက်ဖို့ မရှိဘူးလို့ အတည်ပြု ပြောလာတဲ့အကြောင်း Metro သတင်းဌာနကဖော်ပြလာပါတယ်။



စျေးကွက်ဖွင့်ကတည်းက ပေါ့ဂ်ဘာအနေနဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာမယ်လို့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်နေခဲ့တာပါ။

ယူနိုက်တက်အနေနဲ့လည်း ၁၈ လသာ ကျန်တော့တဲ့ ပေါ့ဂ်ဘာကို ဘာမှ မရပဲ လက်လွှတ်လိုက်ရမယ့်အပေါ် အပြင်းအထန် ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပြီး နည်းပြ ဆိုးလ်ရှားကလည်း ဘယ်သူ့ကိုမှ လမ်းတစ်ဝက်မှာ လမ်းမခွဲချင်ဘူးလို့ ပြောထားတာ ရှိနေပါတယ်။

စာချုပ်သက်တမ်းတိုးမတိုးကိစ္စအပေါ်မှာတော့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက အတည်မပြုပေးပဲ ကစားသမား အနေနဲ့ အသင်းနဲ့ အမြန်ဆုံး ပြန်ကစားနိုင်ရေးသာ အဓိက ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။

“ပေါလ်က လေးစားမှု အပြည့်ရှိပြီးသားပါ။အလားတူ အသင်းကလည်း သူ့အပေါ် လေးစားမှု ထားပါတယ်။အခုချိန် မှာ ယူနိက်တက်နဲ့ ပေါ့ဂ်ဘာအကြား ပြောစရာ စကားရှိနေရခြင်းက နည်းပြ ဆိုးလ်ရှားကြောင့်ပါပဲ။ဘာလို့လဲဆို တော့ သူက အမြဲတမ်း စာတွေ့ရော သတင်းစာရှင်းလင်းခန်းမမှာရော အမြဲတမ်း ဒီအပေါ်မှာ အလေးထား ပြောဆို လေ့ရှိတာကြောင့်ပါ။”လို့ ရွိုင်အိုလာက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က