စပါးနဲ့ပွဲမှာ လူစားဝင်ကစးပြီး ခြေစွမ်းပြခဲ့တာပါ။

စပါးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပေါ့ဂ်ဘာက ဒုတိယပိုင်းမှာ လူစားလဲပါဝင်ကစားခဲ့ပြီး အသင်းချေပဂိုးရအောင် ကူညီပေးနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။


ဒဏ်ရာကပြန်လည်သက်သာလာပြီး ဒီဇင်ဘာလနောက်ပိုင်း ယူနိုက်တက်အတွက် ပထမဆုံးပွဲကို ပါဝင်ကစားပေးခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းကို ဆိုးရှားလ်းက ချီးကျူးပြောဆိုလိုက်ပါတယ်။ စပါးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပေါ့ဂ်ဘာက ဒုတိယပိုင်းမှာ လူစားလဲပါဝင်ကစားခဲ့ပြီး အသင်းချေပဂိုးရအောင် ကူညီပေးနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့ကစကာ ယူနိုက်တက်အတွက် မကစားနိုင်ခဲ့တာဖြစ်ပါတယ်။ စပါးနဲ့ပွဲမှာတော့ ပေါ့ဂ်ဘာရဲ့ ပါးပါးနပ်နပ်ကျော်ဖြတ်မှုကို အဲရစ်ဒီယာတားဆီးရာကနေ ယူနိုက်တက်တို့ ပယ်နယ်တီရရှိခဲ့ပြီး ဖာနန်ဒက်စ်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကစားခွင့်ရခဲ့တဲ့ နာရီဝက်အတွင်းမှာ ပေါ့ဂ်ဘာရဲ့ အံ့မခန်းပေးပို့မှုတွေကို မြင်တွေ့ခဲ့ရပြီး ကျေနပ်ဖွယ်ရာ ခြေစွမ်းကို ပြသခဲ့တာဖြစ်ပါတယ်။ 

"ပေါ့ဂ်ဘာရဲ့ ထောက်ပံ့ပေးနိုင်မှုတွေကို မြင်ခဲ့ရတာပါ၊ ရက်ရှ်ဖို့ဒ်ကို သူ ပေးပို့ခဲ့တာက ဒီနေ့ရဲ့ အကောင်းဆုံးပေးပို့မှုဖြစ်ပြီး ပယ်နယ်တီရရှိချိန်မှာလည်း သူ့ရဲ့ ဘောလုံးပညာကျွမ်းကျင်မှုကို မြင်ခဲ့ရပါတယ်၊ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ၊ သူပြန်လာနိုင်တာ အရမ်းကိုကောင်းမွန်ခဲ့ပါတယ်၊ သူ့အတွက် ကောင်းမွန်တဲ့ ကစားချိန်တွေကို ပေးခဲ့ပြီး သူကလည်း အကောင်းဆုံးကြိုးစားခဲ့ပါတယ်"

"လာမယ့်ပွဲမှာ သူ ဒီထက်ပိုကစားနိုင်ပြီး ကစားခွင့်လည်းပိုရမှာပါ၊ သူက ပွဲတစ်ပွဲအပေါ် ဘယ်လောက်ထိဆာလောင်တောင့်တမှုရှိလဲဆိုတာ အားလုံးမြင်နိုင်ပါတယ်၊ အရမ်းကောင်းတဲ့ကစားသမားပါ၊ ကျွန်တော်တို့အသင်းက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ အတူတူကစားချင်တဲ့ အသင်းဖြစ်ပါတယ်၊ ခံစစ်နဲ့ တိုက်စစ်ကို ဟန်ချက်ညီအောင်ကစားဖို့ လိုအပ်နေပါသေးတယ်၊ ပေါလ်က ဒီနေ့မှာ ဘရူနိုနဲ့ တွဲကစားနိုင်တယ်ဆိုတာကို ပြသခဲ့ပြီး ဘရူနိုက ကျွန်တော်တို့အတွက် ဂိုးသွင်းပေးခဲ့ပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဒီပွဲကို အရေးမနိမ့်ခဲ့လို့ ၁၂ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို တင်နိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ကတော့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး သူ့အတွက် ၆ ကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။ မှတ်တမ်းများအရ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကနေ လက်ရှိအချိန်ထိ ပယ်နယ်တီ ၂၃ ကြိမ်ရရှိခဲ့ပြီး အခြားအသင်းတွေထက် ၉ ကြိမ်အထိ ပိုမိုများပြားနေတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က