အသက် ၂၅ နှစ်အရွယ် ဆာဘီးယားကွင်းလယ်လူဟာ ဒီရာသီစီးရီးအေမှာ လာဇီယိုအသင်းကို အမှတ်ပေးဇယားအဆင့် ၂နေရာရောက်ရှိအောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်လူပေါလ်ပေါ့ဂ်ဘာနေရာမှာ အစားထိုးဖို့ လာဇီယိုကွင်းလယ်လူမီလင်ကိုဗစ်ဆာဗစ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ နွေရာသီမှာ ပေါ့ဂ်ဘာကို ပြန်လည်ရောင်းချပြီး ဆာဗစ်နဲ့အစားထိုးဖို့အတွက် ကြံရွယ်နေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဆာဘီးယားကွင်းလယ်လူဟာ ဒီရာသီစီးရီးအေမှာ လာဇီယိုအသင်းကို အမှတ်ပေးဇယားအဆင့် ၂နေရာရောက်ရှိအောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။ စုစုပေါင်း ငါးဂိုးအထိသွင်းယူပေးထားခဲ့ပြီး ပြီးခဲ့တဲ့ရာသီကလည်း လာဇီယိုကို ကိုပါအီတာလီယာဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ ဆာဗစ်ကို ပေါ့ဂ်ဘာနေရာအတွက် ချိန်ရွယ်နေပေမယ့် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တို့ကလည်း ဆာဘီးယားသားကို စိတ်ဝင်စားနေလို့ ကြီးမားတဲ့ပြိုင်ဘက်တွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီက ပေါင် ၈ရသန်းအထိ ပေးချေကာ ခေါ်ယူသွားဖို့ အသင့်ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့လက သတင်းတွေထွက်ခဲ့ပါတယ်။
Gazzetta dello Sport က ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုဟာ ဆာဗစ်ကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး ငွေပုံပေးကာ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆာဗစ်ဟာ လာဇီယိုနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေကာ လာဇီယိုက ပေါင် ၈ရသန်းရရှိမှသာ ရောင်းချမယ်လို့ ခေါ်ယူချင်တဲ့အသင်းတွေကို သတိပေးထားကြောင်း သိရပါတယ်။