ပေါင် ၁၃၅သန်းခန့် သုံးစွဲရမှာလည်းဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့အေးဂျင့်ရွိုင်အိုလာက သူ့ကစားသမားကို အိုးထရက်ဖို့ဒ်က ထွက်ခွာနိုင်အောင် ကြိုးပမ်းနေပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူဆောလ်နီဂွက်ဇ်ကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှုတွေ တိုးပွားနေတယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာနေရာမှာ အစားထိုးဖို့အတွက် ယူနိုက်တက်က ဆောလ်နီဂွက်ဇ်ကို ပစ်မှတ်ထားနေတာဖြစ်ပြီး အသင်းဒုဥက္ကဌဝုဒ်ဝက်ဒ်ကလည်း ခွင့်ပြုဖွယ်ရှိတယ်လို့ သိရပါတယ်။ 

လူးဝစ္စဗန်ဂါးလ်လက်ထက်မှာကတည်းက စပိန်ကွင်းလယ်လူကို ယူနိုက်တက်က ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ ဆောလ်နီဂွက်ဇ်ဟာ ၂၀၁၇ ခုနှစ်က အက်သလက်တီကိုမက်ဒရစ် နဲ့ ၉ နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုထားခဲ့သူဖြစ်ပြီး လျော်ကြေးတန်ဖိုးပေါင် ၁၃၅သန်းရှိတဲ့ စာချုပ်ကိုလည်း ထည့်သွင်းချုပ်ဆိုထားခဲ့ပါတယ်။ 

အန်ဖီးလ်မှာ ကစားသွားခဲ့တဲ့ လီဗာပူးလ်နဲ့ အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဆောလ်နီဂွက်ဇ်ရဲ့ ခြေစွမ်းကို ယူနိုက်တက်ဘက်က စောင့်ကြည့်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပြီး ကစားသမားကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဆီမြွန်နီရဲ့ အားကိုးရတဲ့ ကစားသမားအဖြစ် ဆောလ်နီဂွက်ဇ်က ရပ်တည်နေခဲ့ပြီး ပေါ့ဂ်ဘာနေရာအစားထိုးဖို့ အကောင်းဆုံးကစားသမားလို့ ယူနိုက်တက်က သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

ပေါ့ဂ်ဘာအနေနဲ့လည်း လာမယ့်နွေရာသီမှာ အသင်းကနေထွက်ခွာဖွယ်ရှိနေတာကြောင့် ယူနို်က်တက်ဘက်က ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့အေးဂျင့်ရွိုင်အိုလာက သူ့ကစားသမားကို အိုးထရက်ဖို့ဒ်က ထွက်ခွာနိုင်အောင် ကြိုးပမ်းနေပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က