အသင်းဖော်တွေကို ချီးကျူးပြောဆိုခဲ့တာပါ။

ပရိသတ်တွေကိုယ်တိုင်က ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်ရဲ့ ကွင်းလယ်အတွဲအဖက်အပေါ် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး အီဂါလိုရဲ့ ပြောဆိုမှုကလည်း သူတို့နှစ်ဦးရဲ့ ပူးပေါင်းကစားမှုကို ပိုပြီးစောင့်ကြည့်လာစေချင်ခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးအီဂါလိုက ကွင်းလယ်လူပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့အတွဲဟာ ယူနိုက်တက်ကို နောက်ထပ်တစ်ကြိမ်ရွှေရောင်သမ်းတဲ့နေ့ရက်တွေ ဖန်တီးပေးနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ပေါ့ဂ်ဘာကတော့ ဒီရာသီမှာ ဒဏ်ရာကြောင့် ကာလတော်တော်များများအနားယူနေခဲ့ရသူဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ကတော့ ဇန်နဝါရီမှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ ပေါ့ဂ်ဘာနဲ့ တစ်မိနစ်တောင်တွဲမကစားရသေးသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကိုယ်တိုင်က ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်ရဲ့ ကွင်းလယ်အတွဲအဖက်အပေါ် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး အီဂါလိုရဲ့ ပြောဆိုမှုကလည်း သူတို့နှစ်ဦးရဲ့ ပူးပေါင်းကစားမှုကို ပိုပြီးစောင့်ကြည့်လာစေချင်ခဲ့ပါတယ်။ 

သတင်းထောက်ဂျူလီးယက်ဘာဝါနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အီဂါလိုက "ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်ဖို့ ပေါ့ဂ်ဘာက အစွမ်းကုန်ကြိုးစားနေပါတယ်၊ သူနဲ့ ဘရူနိုတို့ ကွင်းလယ်မှာအတူရှိနေမယ့်အချိန်ကို စဉ်းစားကြည့်မယ်ဆိုရင် ကွဲပြားခြားနားတဲ့အသင်းကို မြင်တွေ့ရပါလိမ့်မယ်၊ ရက်ရှ်ဖို့ဒ်ကလည်း ပြန်ကစားနိုင်တော့မှာပါ၊ ယူနိုက်တက်က နောက်ထပ်တစ်ကြိမ် ရွှေရောင်သမ်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်လာပါလိမ့်မယ်"

"အပတ်တိုင်းမှာ နိုင်ပွဲတွေ ရလာမှာပါ၊ ပေါ့ဂ်ဘာက ခမ်းနားကြီးကျယ်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး သူနဲ့အတူတွဲဖက်ကစားရမှာက အခွင့်ထူးတစ်ခုဖြစ်လာမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ငါးပွဲမှာ ၂ဂိုးသွင်းကာ ၃ကြိမ်ဖန်တီးပေးထားခဲ့ပြီး ဖြစ်ပါတယ်။

"ဖာနန်ဒက်စ်က ကစားသမားကောင်းပါ၊ သူနဲ့အတူ အူဒီနီးစ်မှာ ကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ်မှာ သူ့ရဲ့အကောင်းဆုံးပုံစံကို မမြင်တွေ့ရသေးပါဘူး၊ သူ အင်္ဂလန်မှာ အထိုင်ကျပြီဆိုရင် သူ ဘာလုပ်နိုင်လဲဆိုတာ အားလုံးမြင်တွေ့ပါလိမ့်မယ်၊ သူက ကန်သွင်းယူနိုင်တယ်၊ ဂိုးသွင်းနိုင်တယ်၊ ဉာဏ်ရည်ကောင်းသူတစ်ဦးပါ" လို့လည်း အီဂါလိုက ဖာနန်ဒက်စ်ကို ချီးကျူးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က