ခြောက်လကြာအနားယူခဲ့ပြီး ပြန်လည်ကစားနိုင်တော့မှာဖြစ်ပါတယ်။

ဒဏ်ရာကြောင့် လအနည်းငယ်အနားယူနေခဲ့ရပြီးနောက် ဟယ်ရီကိန်းဟာ လက်ကျန် ၉ ပွဲကို ပါဝင်ကစားဖို့ အသင့်ဖြစ်နေပြီလည်းဖြစ်ပါတယ်။ 


ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်ကစားရာမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲအတွက် ပေါက်ကွဲသွားဖို့ အသင့်ဖြစ်နေကြောင်း တော့တင်ဟမ်တိုက်စစ်မှူးဟယ်ရီကိန်းက ပြောဆိုလိုက်ပါတယ်။ ဒဏ်ရာကြောင့် လအနည်းငယ်အနားယူနေခဲ့ရပြီးနောက် ဟယ်ရီကိန်းဟာ လက်ကျန် ၉ ပွဲကို ပါဝင်ကစားဖို့ အသင့်ဖြစ်နေပြီလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်ကို စပါးက အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီးတော့ သူတို့ရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် အရေးပါတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုအနေနဲ့လည်း အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်သလို ပထမအကျော့ကရှုံးကြွေးကို ပြန်ဆပ်ရမယ့် ပွဲဖြစ်တာကြောင့် စပါးအတွက်တော့ ဒီပွဲက ပိုမိုအရေးပါနေခဲ့ပါတယ်။ 

သူတို့နှစ်သင်းကြားမှာ ရမှတ်လေးမှတ်သာ ကွာဟနေတာဖြစ်ပြီး ဒီပွဲကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် စပါးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ပိုမိုအသက်ဝင်လာမှာလည်းဖြစ်ပါတယ်။ စပါးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်တွေမရပ်တန့်ခဲ့ခင်မှာ ကိန်း၊ ဆွန်ဟောင်မင်နဲ့ ဘာဝိန်းတို့ကို လက်လွှတ်ထားရပြီး လက်ရှိမှာ အဆိုပါကစားသမားတွေက ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ပါတယ်။ 

"ရာသီကြိုပြင်ဆင်မှုတွေလိုပဲလို့ ကျွန်တော်ခံစားရပါတယ်၊ တစ်ဦးချင်းလေ့ကျင့်မှုတွေကို ကျွန်တော်ပြုလုပ်နေခဲ့ပြီးတော့ အခုဆိုရင် အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်နိုင်တဲ့ အနေအထားကို ရောက်နေခဲ့ပါပြီ၊ နေအိမ်မှာပဲ နေထိုင်ခဲ့ရတာက ပိုပြီးတော့ သိသာတဲ့ထင်ရှားမှုဖြစ်ခဲ့ပါတယ်၊ ကျွန်တော့်အတွက်တော့ ကြံ့ခိုင်မှုပြန်ရဖို့ အခွင့်အရေးကောင်းဖြစ်ခဲ့ပါတယ်"

"ကျွန်တော်နောက်ဆုံးပွဲကစားခဲ့တဲ့ ပွဲက ခြောက်လကျော်သွားခဲ့ပါပြီ၊ အခု ပထမဆုံးပြန်ကစားရမယ့်အသင်းက မန်ချက်စတာယူနိုက်တက်ပါ၊ သောကြာနေ့ညပွဲစဉ်ဖြစ်ပြီး ကျွန်တော်တို့တွေ ပေါက်ကွဲမှုတွေနဲ့ ပြန်လာတော့မှာပါ" လို့ ဟယ်ရီကိန်းက ကြုံးဝါးပြောဆိုခဲ့တယ်လို့ Football London က ဖော်ပြသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က