လာမယ့်နိုဝင်ဘာ ၂၀ မှာ အယူခံကို ကြားနာသွားမှာပါ။

ချယ်ဆီးနည်းပြဖရန့်လမ်းပတ်ဟာ တကယ်လို့ ဖီဖာရဲ့အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ် အယူခံအောင်မြင်ခဲ့မယ်ဆိုရင် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ငွေကြေးအမြောက်အမြားသုံးစွဲသွားမယ်လို့ ပြောကြားခဲ့ကြောင်း Mirror ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ချယ်ဆီးအသင်းရဲ့အယူခံကို လာမယ့်နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အားကစားခုံသမာဓိရုံးမှာ ကြားနာသွားမှာဖြစ်ပြီး ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့စျေးကွက် ၂ ခုအထိ ပိတ်ဆို့မှု ကျခံထားပြီးဖြစ်ပါတယ်။



ဖရန့်လမ်းပတ်ဟာ ကစားသမားသစ်တွေမခေါ်ယူနိုင်ခဲ့ပေမယ့်လည်း စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ကောင်းမွန်စွာ အစပြုနိုင်ခဲ့သူဖြစ်ပြီး လူငယ်ကစားသမားတွေအများအပြားကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်ဆီးနည်းပြ လမ်းပတ်က ၎င်းရဲ့လူစာရင်းကို အင်အားဖြည့်တင်းဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပြီး ပေါင်သန်း ၁၅၀ ဝန်းကျင်အသုံးပြုပြီး အပြောင်းအရွှေ့ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“ချယ်ဆီးက အမြဲတမ်း တတ််နိုင်ရင် အပြောင်းအရွှေ့စျေးကွက်မှာ တိုးတက်အောင်ပြုလုပ်ဖို့ စောင့်မျှော်နေတာပါ။ တကယ်လို့ ကျွန်တော်တု်ိ့ တွေ့တဲဲ့ကစားသမားက ပိုကောင်းခဲ့မယ်ဆိုရင် ဒါမှမဟုတ် အသင်းလူစာရင်းထဲကို ထည့်ပေါင်းသင့်တယ်လို့ ခံစားရမယ်ဆိုရင် ကျွန်တော်တို့ ခေါ်ယူမှာပါ”

“ကျွန်တော် အယူခံဝင်ထားတဲ့ကိစ္စကို အရမ်းကို စိတ်ဝင်စားပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ဇန်နဝါရီလမှာ ကျွန်တော်တို့ ဘာလုပ်နိုင်မယ် ဒါမှမဟုတ် မလုပ်နိုင်ဘူးဆိုတဲ့အပေါ်ကို အကျိူးသက်ရောက်မှုရှိလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ကစားသမားအများအပြားနဲ့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး ဇာဟာ၊ တီမိုဝါနာနဲ့ မူဆာဒမ်ဘီလီတို့ကို အပြောင်းအရွှေ့ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Share

က္က