ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေသွားမှာပါ။

ရီးရဲလ်မက်ဒရစ်က ပေးချေသွားမယ့် ပြောင်းရွှေ့ကြေးဟာ ၂၀၁၇ မှာ နေမာကို ဘာစီလိုနာကနေ ပီအက်စ်ဂျီက ပေါင် ၁၉၈ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးထက်လည်း ပိုမိုများပြားနေတာဖြစ်ပါတယ်။


ပြင်သစ်သတင်းဌာန Le Parisien နဲ့ အီတလီသတင်းဌာန CalcioMercato သတင်းဌာနတို့ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူးကိုင်လီယန်ဘတ်ပီကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ စပိန်ထိပ်သီးအသင်းကြီးဟာ ဘတ်ပီအတွက် ပေါင်သန်း ၃၄၀ အထိ သုံးစွဲဖို့ကိုပါ ပြင်ဆင်နေတယ်လို့ သိရှိရတာဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ဆယ်ကျော်သက်ကစားသမားတွေထဲမှာ စျေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က ပေးချေသွားမယ့် ပြောင်းရွှေ့ကြေးဟာ ၂၀၁၇ မှာ နေမာကို ဘာစီလိုနာကနေ ပီအက်စ်ဂျီက ပေါင် ၁၉၈ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးထက်လည်း ပိုမိုများပြားနေတာဖြစ်ပါတယ်။

ဘတ်ပီကိုယ်တိုင်ကလည်း တစ်ချိန်ချိန်မှာ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးဖို့ ဆန္ဒရှိနေသူဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် လိဂ်ပွဲ ၁၀၄ ပွဲကစားအပြီးမှာ သွင်းဂိုး ၆၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၁ ကြိမ်အထိ ဘတ်ပီက ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း လိဂ်ဂိုး၃၃ဂိုးအထိ သွင်းယူပြီး လီဂူးဝမ်းရဲ့ ရွှေဖိနပ်ဆုကို ဘတ်ပီက ရရှိခဲ့ပါတယ်။

ရီးရဲလ်နည်းပြဇီဒန်းကိုယ်တိုင်လည်း ဘတ်ပီကို ကြိုက်နှစ်သက်သူဖြစ်ပြီး သူ့ရဲ့အသင်းအတွက် ခေါ်ယူချင်နေခဲ့တာဖြစ်ပါတယ်။ ဂိုးရရှိဖို့အတွက် ဘန်ဇီမာတစ်ဦးတည်းကိုသာ အားကိုးနေရပြီး ဂါရတ်ဘေးလ် နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို ကြိုက်နှစ်သက်မှုမရှိတာကြောင့် ဇီဒန်းက ဘတ်ပီကို အရခေါ်ယူဖို့ အားထုတ်နေတာဖြစ်ပါတယ်။

Share

က္က