ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဆိုတဲ့ နာမည်နဲ့ အညီ ပြည်ထောင်စု ကောင်းကျိုးတွေကို လုပ်ဆောင်နိုင်တဲ့ မည်သည့်ပါတီ ၊ မည်သည့် အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်းဆောင်ရွက်မယ်လို့ UBP ပါတီ ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
သြဂုတ်လ ၄ ရက် ညနေ ၄ နာရီခန့်က သူရ ဦးရွှေမန်းနေအိမ်မှာ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်။.
သြဂုတ်လ ညနေ ၄ နာရီခန့်က နေပြည်တော် ရာဇသိင်္ဂဟလမ်းက သူရဦးရွှေမန်းနေအိမ်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ အတိအလင်းပြောကြားလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ပါတီမှာ လူငယ်တွေရဲ့ ပါဝင်မှုအချိုးနည်းပါးနေသေးပြီး နိုင်ငံထူထောင်တာဖြစ်စေ၊ ပါတီတစ်ရပ် ထူထောင်တာဖြစ်စေ လူငယ်တွေရဲ့အားကို မှန်မှန်ကန်ကန်ယူဖို့ လိုတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းပြောဆိုပါတယ်။
လူငယ်တွေရဲ့အားကို မှန်မှန်ကန်ကန်ထိရောက်ရောက်သုံးဖို့လိုပါတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင် လူငယ်တွေအတွက်လည်း ဆုံးရှုံးသလို နိုင်ငံအတွက်လည်း ဆုံးရှုံးတယ်။ ဒီကနေ့ လူငယ်တွေရော လူရွယ်တွေရောကို ပါတီထဲဝင်ဖို့ ကြိုဆိုပါတယ်။” လို့ ဆိုပါတယ်။
ပါတီထဲဝင်တဲ့ လူငယ်၊လူရွယ်တွေအနေနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီရဲ့ သဘောထား၊မူဝါဒတွေမှာ အပြောနဲ့ အလုပ် ညီတယ်ဆိုတာလည်း တွေ့ရမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီကနေ့ ညနေမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူရဦးရွှေမန်းကသူဦးဆောင်တဲ့ ပါတီရဲ့ ရည်ရွယ်ချက်၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပါတီဝင်တွေအပေါ်ချမှတ်ထားတဲ့ စည်းကမ်းတွေ အကြောင်း သတင်းမီဒီယာတွေကို ရှင်းလင်းခဲ့တာပါ။