ပွဲတော်ကျင်းပစဉ်အတွင်းပိတ်ထားမှာ ဖြစ်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စုနေ့မှာ ရန်ကုန်မြို့တွင်းက နေရာအချို့မှာ ခေတ္တလမ်းပိတ်မယ်လို့ ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီကနေ သတင်းထုတ်ပြန်ပါတယ်။





မဟာဗန္ဒုလလမ်းကို ဆူးလေဘုရားလမ်းကနေ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ဘဏ်လမ်းကို ဆူးလေဘုရားလမ်းကနေ ပန်းဆိုးတန်းလမ်းအထိလည်းကောင်း၊ ကုန်သည်လမ်းကို ပန်းဆိုးတန်းလမ်းကနေ ဆူးလေဘုရားလမ်းအထိလည်းကောင်း လမ်းပိတ်ထားမယ်ဆိုပြီးတော့ ကြေညာထားတာပါ။

၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဒုလပန်းခြံမှာ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၇ နာရီ ကစတင်ကျင်းပမှာဖြစ်တာကြောင့် အခမ်းအနားကျင်းပစဉ် မနက် ၆ နာရီကနေ အခမ်းအနားပြီးဆုံးတဲ့အထိ ပိတ်ထားမယ်လို့သိရပါတယ်။

မဟာဗန္ဒုလလမ်းကနေ လာတဲ့ ယာဉ်လိုင်းတွေအနေနဲ့ ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း၊ပန်းဆိုးတန်းကနေလည်းကောင်း၊ ကုန်သည်လမ်းကလာတဲ့ ယာဉ်လိုင်းတွေအနေနဲ့ ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းအတိုင်း မောင်းနှင်ကြဖို့လည်း သတိပေးကြေညာထားပါတယ်။

အခမ်းအနားကိုတတ်ရောက်လာတဲ့ ဧည်သည့်တော်တွေရဲ့ မော်တော်ယာဉ်တွေကို ပန်းဆိုးတန်းလမ်းနဲ့ ဆူးလေဘုရားလမ်းကြားက ကုန်သည်လမ်း၊ဘဏ်လမ်းနဲ့ ပန်းဆိုးတန်းလမ်းပေါ်က ယာဉ်ပါကင်မှာ ရပ်နားနိုင်တယ်ဆိုပြီး သတိပေးနှိုးဆော်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က