မန်ချက်စတာစီးတီးကြယ်ပွင့်တိုက်စစ်မှူး ဂက်ဘရီရယ်ဂျီးဆပ်က မန်ချက်စတာစီးတီးရဲ့ သံသယဖြစ်ဖွယ် စွမ်းဆောင်ရည်ကြောင့် ရှုံးနိမ့်ခဲ့တာထက် ဒဏ်ရာပြဿနာတွေက ပိုပြီး အပြစ်တင်စရာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ယနေ့ညနေမှာ ယှဉ်ပြိုင်ကစားမယ့် ပဲလေ့စ်နဲ့ပွဲဟာ ခက်ခဲလိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်မီက ဝုဗ်အသင်းကို အံ့အားသင့်ဖွယ် ၂ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးနောက်တန်းရဲ့ အားနည်းမှုကို မီးမောင်းထိုးပြသလို ဖြစ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရှုံးပွဲ ၂ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းနဲ့ ၈ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။
နောက်ခံကစားသမားတွေဖြစ်တဲ့ ဘန်ဂျမင်မန်ဒီနဲ့ လာပို့တ်တို့ဟာ ခရစ်စတယ်ပဲလေ့စ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ကို ဒဏ်ရာကြောင့် ဆက်လက်လွဲချော်မှာဖြစ်ပြီး ဂက်ဘရီရယ်ဂျီးဆပ်ကလည်း ဂျွန်စတုန်းနဲ့အတူ လွဲချော်မှာဖြစ်တာကြောင့် အသင်းရဲ့ ခံယူချက်သဘောထားထက်ပိုပြီး ဒဏ်ရာပြဿနာက စိုးရိမ်မှုတွေ ကြီးမားနေတာဖြစ်ပါတယ်။
“ခရစ်စတယ်ပဲလေ့စ်နဲ့ ကစားရတာက အမြဲတမ်း ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ဆုံးတခေါက်က ဆဲလ်ဟတ်ပတ်မှာ ကစားခဲ့တဲ့ပွဲက အနိုင်ပဲရရ၊ ရှုံးပဲ ရှုံးခဲ့ အရေးမပါပါဘူး”
“အမြဲတမ်း အရမ်းခက်ခဲတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ အဲဒါက ပုံမှန်ပါပဲ”
“ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ သူတို့နဲ့ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး အဝေးကွင်းမှာ ပြန်နိုင်ခဲ့ပါတယ်။ ဘောလုံးက ဘယ်လောက်အထိ ထူးဆန်းလဲဆိုတာ ခင်ဗျား မြင်နိုင်ပါတယ်”လို့ Manchester Evening News ကို ပြောကြားခဲ့ပါတယ်။