ဒီကနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားပါမယ်။

မနှစ်က အိမ်ကွင်းမှာ ၃-၂ နဲ့ အရေးနိမ့်ထာားတဲ့ ပဲလေ့စ်အသင်းကို ဒီကနေ့ညမှာ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီကနေ့ညမှာကစားမယ့် ပဲလေ့စ်အသင်းနဲ့ပွဲမတိုင်မီ အသင်းသားတွေကို ဒေးဗစ်လုဇ်က ရှက်ဖီးကို ရှုံးနိမ့်ခဲ့တဲ့ အရာအပေါ် သင်ခန်းစာယူပြီး မိမိတို့ရဲ့ လက်ရှိအခြေအနေကို မြင်အောင်ကြည့်စေချင်တယ်လို့ ပြောခဲ့တဲ့ အကြောင်း Metro.com သတင်းဌာနကဖော်ပြလာပါတယ်။



အာဆင်နယ်ကတော့ တန်းတက်ရှက်ဖီးကို အဝေးကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ယူရိုပါလိဂ်ပွဲမှာ ဗစ် တိုးရီးယားကို ၃-၂ နဲ့ ပြန်အနိုင်ရထားပါတယ်။



ဒါပေမယ့်လည်း နောက်ခံလူ လုဇ်ကတော့ မိမိတို့ အသင်းအနေနဲ့ တိုးတက်လာဦးမှာဖြစ်ပြီး ချန်ပီယံဆုကိုလည်း စိန်ခေါ်နိုင်စွမ်းရှိတယ်လိုု့ ယုံကြည်ထားတာပါ။

“ ဘာတွေမှားခဲ့လဲဆိုတဲ့အပေါ် ရိုးသားရပါမယ်။ဒါပေမယ့် စိတ်ရှည်ဖို့တော့လိုပါမယ်။ရှက်ဖီးနဲ့ပွဲက ဒီရာသီဒုတိ ယမြောက်အရှုံးပါ။ကျွန်တော်တို့ နိုင်ပွဲတွေများစွာစွမ်းဆောင်ထားနိုင်ပြီးသားပါ။ကျွန်တော်တို့လမ်းစဉ်ကို ကျွန်တော်တို့ ယုံကြည်ဖို့ လိုပါတယ်။ အသင်းအပေါ်မှာလည်း ယုံကြည်မှုရှိရပါမယ်။ဒါမှသာလျှင် တစ်သင်းလုံး တိုးတက်လာပါလိမ့်မယ်။” လို့ လုဇ်က အကြံပြုပြောလိုက်တာပါ။

ပဲလေ့စ်အသင်းကတော့ လက်ရှိ အာဆင်နယ်အသင်းထက် တစ်မှတ်လျော့နဲ့ အဆင့် ၆ မှာ ကပ်လျပ် ရပ်တည်နေပြီး မနှစ်က အာဆင်နယ်အိမ်ကွင်းမှာတော့ ပဲလေ့စ်အသင်းက ၃-၂ နဲ့ အနိုင်ရထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က