ဝီလျံဟေးလ်မှာ လောင်းကြေးတင်ခဲ့တာပါ။

ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ဥရောပလိဂ်ပွဲစဉ်တွေ အပြီးမှာတော့ အမည်မသိလောင်းကစားသမားတစ်ဦးဟာ ပေါင် (၅၀) လောင်းကြေးထပ်ခဲ့ပြီးနောက်မှာ ပေါင် (၁၈၅၀၀၀)အထိ အနိုင်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ပွဲအရေအတွက် စုစုပေါင်း (၂၀)ကို မှန်ကန်အောင် ရွေး

ျယ်နိုင်ခဲ့ပြီးနောက်မှာ အဆပေါင်းများစွာ လျော်ကြေးအဖြစ် ပြန်လည်ရရှိခဲ့တယ်လို့ Sportbible က ဖော်ပြသွားခဲ့ပါတယ်။

ဟတ်ဒါဖီးကို အနိုင်ရရှိခဲ့တဲ့ နယူးကာဆယ်၊ ဆောက်သမ်တန်ကို သက်တောင့်သက်သာနဲ့ အနိုင်ယူသွားတဲ့ အာဆင်နယ်တို့ရဲ့ ပွဲတွေအပြင် နီမက်စ်အသင်းကို ဂိုးပြတ်အနိုင်ရအောင် ကစားနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဘာရီ၊ ဘာစီလိုနာ နဲ့ နော်ဝှစ်ချ်အသင်းတို့ရဲ့ ပွဲတွေအပါအဝင် စုစုပေါင်းပွဲ (၂၀)ကို မှန်ကန်အောင် ရွေးချယ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ အနိုင်ရရှိခဲ့သူရဲ့ ပွဲစဉ်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

ဒီအတွက် စုစုပေါင်း လျော်ကြေးငွေ ပေါင် (၁၈၅၁၆၂)အထိ ပြန်လည်ရရှိခဲ့တယ်လို့ ဝီလျံဟေးလောင်းကစားလုပ်ငန်းရဲ့ အဖွဲ့ခွဲတစ်ခုက ထုတ်ပြန်ပြောကြားသွားခဲ့ပါတယ်။ "သူက စနေနေ့ မနက်ပိုင်းဆို လောင်းကြေးထပ်လေ့ရှိသူပါ၊ တစ်ပတ်မှာ တစ်ကြိမ်ပဲ အလောင်းအစား ပြုလုပ်တာလည်းဖြစ်ပါတယ်" လို့ ဝီလျံဟေးလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

"ဘွတ်ကီတွေကို အနိုင်ယူဖို့အတွက် နှစ်ပေါင်းများစွာ သူ ကြိုးစားခဲ့ပြီးတော့ အခုဆိုရင် သူ အောင်မြင်သွားခဲ့ပါပြီ" လို့ အဆိုပါ ပုဂ္ဂိုလ်က ထပ်မံပြောကြားခဲ့ပါတယ်။ ဒီရာသီမှာ အလားတူမျိုး အဆပေါင်းများစွာ ရရှိခဲ့တဲ့ လောင်းကြေးထပ်သူ တစ်ဦးကတော့ ရှက်ဖီးယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်တဲ့ ရောဘတ်ဆစ်ဒ်ဒေါဆိုသူ ဖြစ်ပါတယ်။

အက်စတန်ဗီလာအသင်းကို ၄-၁ နဲ့ ရှက်ဖီးက အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲမှာ အဖွင့်ဂိုးကို ဂျက်အိုကွန်နေးလ်က သွင်းယူမယ်လို့ သူက ခန့်မှန်းခဲ့ပြီး အနိုင်ရရှိခဲ့တဲ့အတွက် အဆ(၂၀၀၀)အထိ လျော်ကြေးငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ရောဘတ်ဟာ ပေါင်တစ်သောင်းအထိ ဆုကြေးငွေ ပြန်လည်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Share

က္က