ရဲရင့်အောင်က ဘယ်လိုဝတ်မှာ ကြိုက်မှာလဲ။

Dancer မလေး ဧငြိမ်းဖြူဟာ ပရိသတ်တွေ နှစ်သက်သဘောကျလောက်တဲ့ အကစွမ်းရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ ဇာတ်လမ်းတွဲ တွေနဲ့အရမ်းမိုက်တဲ့ အကစွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

 

Dancer မလေး ဧငြိမ်းဖြူဟာ ပရိသတ်တွေ နှစ်သက်သဘောကျလောက်တဲ့ အကစွမ်းရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ ဇာတ်လမ်းတွဲ တွေနဲ့အရမ်းမိုက်တဲ့ အကစွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။  တစ်ခါတလေမှာ  သဘော အရ ခပ်ဟော့ဟော့ အဝတ်အစားတွေ ဝတ်ရပေမယ့် အပြင်မှာတော့ မဝတ်ရဲဘူးတဲ့။

 

"အခုနောက်ပိုင်း ခပ်ဟော့ဟော့လေး ရိုက်ဖြစ်တာက အကျႌလေးကို အရမ်းသဘောကျလို့ ရိုက်ပြီး တင်ဖြစ်တာပါ။ အပြင်မှာတော့ မဝတ်ရဲဘူး။ ဝတ်တာက ရှက်တာတွေ ဘာတွေတော့ မရှိပါဘူး။ အဲ့လိုပုံစံမျိုးတော့ အပြင်မှာတော့ မဝတ်ရဲဘူး။ ညီမရဲ့ ပုံစံက အရမ်းအေးတယ်။ အေးတယ် ဆိုတော့ ဒီဇိုင်နာစီစဉ်ပေးတာတို့ စတိုင်လစ်တွေ စီစဉ်ပေးရင်တော့ ဝတ်ရတာပေ့ါနော်။ မလုံမလဲတော့ ဖြစ်တယ်။" ဆိုပြီး အောက်တိုဘာ(၁) ရက်နေ့က ပြုလုပ်တဲ့ Clear ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

 

ချစ်သူ ရဲရင့်အောင်က ခပ်ဟော့ဟော့ အဝတ်အစားတွေ ဝတ်ရင် ဆူတယ်တဲ့။ "ခပ်ဟော့ဟော့ အဝတ်အစားတွေ ဝတ်ရင် ဆူတယ်။ ရဲရင့် အောင် က ညီမကို အကျႌဝတ်ရင် လည်ပင်းဆိုလည်း အပိတ် လက်ဆိုလည်း လက်ရှည်။ ဘောင်းဘီဆိုလည်း ရှည်နေမှ အဲ့လိုဝတ်မှကြိုက်တယ်" ဆိုပြီး ဆက်လက်ဖြေဆိုပေးထားပါတယ်။

နှလုံးရောဂါရှိပေမဲ့ ပရိသတ်ကြောင့် ကြိုးစားပြီး ကနေတယ်ဆိုတဲ့ ဧငြိမ်းဖြူ 

သူမအနေနဲ့ လက်ရှိမှာ အကနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့ ရှိတယ်လို့သိရပါတယ်။

"လက်ရှိက အကပိုင်းနဲ့ ဆိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ အတွက် အကလေ့ကျင်နေတယ်။ ပြီးတော့ ဇာတ်လမ်းတွဲအတွက်လည်း အကလေ့ ကျင့်နေပါတယ်။အခုစိုးရိမ်တာက ညီမ အက ရုပ်ရှင်ဇာတ်ကားကြိး ရိုက်ဖို့ရှိတယ်။အဲ့ခါကျရင် အရမ်းပင်ပန်းမှာလေ တစ်ကားလုံး အကတွေပဲ ဆိုတော့ အဲ့အတွက်လည်း စိုးရိမ်တယ်။ ရိုက်ကွင်းမှာ ကောင်းကောင်းမွန်မွန်မကနိုင်မှာစိုးတယ်။အဲ့ဒါကြောင့် အမောခံနိုင်အောင် gym  ဆော့တယ်။ လေ့ကျင့်ခန်းလုပ်တယ်။ ဆေးသေချာသောက်ဖြစ်နေပါတယ်။" လို့ သူမက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

 

ချစ်သူသက်တမ်း တစ်နှစ်ကျော်အကြာတွဲခဲ့တဲ့ အဆိုတော်ရဲရင့်အောင်နဲ့ မော်ဒယ်လ်မလေး ဧငြိမ်းဖြူ တို့ရဲ့ အချစ်ရေးဟာ အခုလက်ရှိမှာ အဆင်ပြေပြေ ရှိနေပြီလို့ သိရပါတယ်။ အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူ တို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ် သင်္ကြန်အပြီးမှာ ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်ကြတာဖြစ်ပါတယ်။

နှစ်ယောက် စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ဦး ရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ကျော် ကြာခဲ့ပါပြီ။ ချစ်သူသက်တမ်း ၁ နှစ်ကျော်မှာလည်း ရဲရင့်အောင်က ၂၄ နာရီသဝန်တိုရုံမကဘူး အိမ်မက်ထဲမှာ ဖောက်ပြန်နေတယ်လို့ ထင်ရင်တောင် နှိုးလာတဲ့အခါ ပြဿနာရှာတတ်လောက်အောင် သဝန်တိုတယ် ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဧငြိမ်းဖြူက ဖြေဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က