ယောကျာ်းလေးများဖြစ်ပါတယ်။

 ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့မှာ အောက်တိုဘာလ (၃၁)ရက်နေ့ ညနေပိုင်းက ပြည်မြို့ အောင်ဇော်ဦး ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ ရင်ခြင်းဆက် အမြွှာကလေးနှစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။

Photo - Bago Rescue Organization



အဆိုပါ အမြွှာပူးကလေးငယ်နှစ်ဦးမှာ အမျိုးသားငယ်ပါ တစ်ခုနဲ့ ခြေချောင်းတစ်စုံသာ ပါရှိပါတယ်။

လက်ရှိမှာ မိခင်ရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်ပေမယ့် ကလေးတွေကြောင့် ကျန်းမာရေး အခြေအနေအရ ရန်ကုန်မြို့ ကလေးအထုးကု (ဟယ်ပင်)ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“ မနေ့ကပဲ ကျွန်တော်တို့ ကလေးကော မိခင်ကို ရန်ကုန် ကလေးအထူးကု (ဟယ်ပင်)ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်။ ပို့ဆောင်ခဲ့တဲ့အထိတော့ မိခင်ကော ကလေးတွေကောကျန်းမာရေးကောင်းပါတယ်။ ဒါပေမယ့် ကလေးတွေက ရင်ချင်းဆက်ဖြစ်တာကတစ်ကြောင်း၊ ခြေထောက်ကလည်း နှစ်ချောင်းပဲပါတယ်။ နောက်ထပ် ကလေးတစ်ယောက်ကလည်း ဖင်ပေါက်မပါဘူးဆိုတော့ သူတို့ကိုမွေးတဲ့ အောင်ဇော်ဦးဆေးရုံက ဆေရုံပြောင်းဖို့ လိုတယ်ဆိုလို့ ကျွန်တော်တို့ ဆေးရုံလွှဲပြောင်းရေးကိစ္စကို ကူည္ေဆာင်ရွက်ပေးခဲ့တယ်”လို့ ရန်ကင်း ကလေးဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ ပြည်မြို့ ဒေသတွင်းရေနစ်သူကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌမှ Duwun ကိုပြောပါတယ်။ 

Photo - Bago Rescue Organization

ရန်ကင်းဆေးရုံရောက်တဲ့အထိ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေတွေကောင်းမွန်ပေမယ့် မိခင်အနေနဲ့ကတော့ စိုးရိမ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ 

ရန်ကုန်ဆေးရုံကို ပို့ဆောင်ရခြင်းကလည်း ကလေးတွေကို ကျန်းမာရေးတွေကုသဆောင်ရွက်ဖို့အတွက်ဖြစ်ပြီး ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုအပ်သလို ခွဲစိတ်ကုသဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က