ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဗီလာကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဗီလာရရှိသွားတဲ့ဂိုးအပေါ် ဝေဖန်ပြောကြားလိုက်ပါတယ်။
ဒီပွဲရဲ့ ပွဲကစားချိန် (၈၉) မိနစ်မှာ ဗီလာနောက်ခံလူ ဟောက်စ်က အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဒီသွင်းဂိုးကြောင့်လည်း ယူနိုက်တက်တို့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်နဲ့အိမ်ကွင်းရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာပါ။
“ဒီလိုဂိုးမျိုး ဘယ်လိုရသွားတာလဲ။ လက်စတာတုန်းကဆိုရင် ဒီလိုဂိုးမျိုးကို ခွင့်မပြုခဲ့ပါဘူး။ ဒိုင်လူကြီးတွေနဲ့ပတ်သက်လို့ တည်ငြိမ်တဲ့ တသမတ်တည်းရှိမှုကို မမြင်တွေ့ရဘဲ အခု ဒီတစ်ခါဖြစ်ရပ်ဆိုရင် လုံးဝကို အရှင်းကြီး လူကျွံနေတာပါ” လို့ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄) ပွဲမှာ (၃) ပွဲအထိ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာလည်း ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် အိမ်ကွင်းမှာ ဧည့်ခံကစားသွားရဦးမှာဖြစ်ပါတယ်။