မန်စီးတီးတိုက်စစ်မှူး ဟာလန်းတစ်ဦးတည်းသာ ဟာရီ ကိန်းထက် ပရီးမီးယားလိဂ်မှာ ဂိုးပိုမိုသွင်းယူထားတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ စိတ်လှုပ်ရှားဖွယ် ဒုတိယပိုင်းစွမ်းဆောင်ရည်နဲ့ ခရစ္စတယ် ပဲလေ့စ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီး မဖြစ်မနေ လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။

အန်တိုနီယို ကွန်တီရဲ့အသင်းဟာ တနင်္ဂနွေနေ့က အက်စတန် ဗီလာအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညမှာ ဆဲလ်ဟတ်စ် ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပါးစ်အသင်းဟာ ပက်ထရစ် ဗီယာရာရဲ့အသင်းကို ၄-၀ နဲ့ အပြတ်အသတ် အနိုင်ယူပြီး အက်စတန် ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့မှုကနေ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

ဧည့်သည်တွေဟာ ပထမပိုင်းမှာ ဂိုးပေါက်ရှာမတွေ့ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ သွင်းဂိုး ၄ ဂိုးနဲ့အတူ ကံတရားကို ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဟာရီ ကိန်းက ခေါင်းတိုက်ပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ၅ မိနစ်အတွင်းမှာပဲ ဘရိုင်ယန် ဂီးလ်ရဲ့ ပေးပို့မှုကနေတဆင့် ဂိုးအောက်ထောင့်ကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

မတ် ဒိုဟာတီက ၆၈ မိနစ်မှာ တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်က စတုတ္ထမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးရဲ့ အလွန်ကောင်းမွန်တဲ့ ၅ မိနစ်အတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးအထိ ရှီလာပြီဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူး ဟာလန်းတစ်ဦးတည်းသာ ဟာရီ ကိန်းထက် ပရီးမီးယားလိဂ်မှာ ဂိုးပိုမိုသွင်းယူထားတာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်က ဟာရီ ကိန်းရဲ့ အခန်းကဏ္ဍကို လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ အလွန်အထင်ကြီးခဲ့ကြပြီး တွစ်တာအသုံးပြုသူတစ်ဦးက "ဒါ လုံးဝကို စစ်မှန်တဲ့အဆင့်အတန်းပဲ။ ၂ ချက်ထိ အဆုံးသတ်က ကာကွယ်ဖို့ ခက်ခဲတဲ့အဆုံးသတ်မျိုးပဲ"လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ဒါက ကမ္ဘာ့အဆင့် အဆုံးသတ်ဖြစ်ခဲ့တယ်"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က