တန်ဟက်ရဲ့အသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ်တု့ိရဲ့ပွဲစဉ်မှာ အိမ်ရှင် မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်း ၆ မိနစ်မှာ အလွတ်တည်ကန်ဘောရရှိခဲ့ပြီး ရက်ရှ်ဖို့ဒ်က ဖြတ်တင်ပေးပို့ခဲ့ရာမှာ လက်ကို ဦးခေါင်းပေါ်ထိ မြှင့်ထားခဲ့တဲ့ ဟုချ်နဲ့ ထိသွားခဲ့ပြီး ဒိုင်လူကြီး အန်ဒရီ မာရီနာက VAR နဲ့စစ်ဆေးပြီးနောက် ပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ပင်နယ်တီပြစ်ဒဏ်ဘောကို ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းခဲ့ပေမယ့်လည်း ပဲလေ့စ်ဂိုးသမားက ဘက်မှားပြီး ဒိုင်ဗင်ထိုးခဲ့တာဖြစ်ပါတယ်။


၁၃ မိနစ်မှာ ဗက်ဟော့စ် အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးအပေါ်ထောင့်ထဲကို သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ပဲလေ့စ်ဂိုးသမား ဂွိုက်တာက ခုန်ပျံပြီး ပုတ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၁၇ မိနစ်အကြာမှာ ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးပြီး အကောင်းဆုံးပုံစံကို ဆက်လက် ပြသခဲ့ပါတယ်။

လုခ် ရှောက ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးပို့ခဲ့ရာမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်က အလွန်ကောင်းမွန်တဲ့ ပိတ်သွင်းမှုနဲ့ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးက မန်ချက်စတာယူနိုက်တက်အတွက် ပွဲကစားချိန်နှောင်းပိုင်းမှာ အရေးကြီးတဲ့သွင်းဂိုးဖြစ်လာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကာစီမီရိုဟာ ဟုချ်နဲ့ အချင်းများရာမှာ လည်မျိုကို လက်နဲ့ ညှစ်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အတွက် အခြေအနေက ရုတ်တရက် ဆိုးရွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၆ မိနစ်အကြာမှာ ခရစ္စတယ် ပဲလေ့စ်အသင်းဟာ တစ်ယောက်လျော့နေတဲ့ မန်ချက်စတာယူနိုက်တက်ကို ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး ဂျက်ဖရီ ရှလပ်က ဒူကူရေးရဲ့ ထောင့်ကန်ဘောကနေတဆင့် ချေပဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတယ် ပဲလေ့စ်အသင်းဟာ အိမ်ရှင် မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ အဖိုးတန် သရေ ၁ မှတ်ရရှိနိုင်မယ့် အခွင့်အရေးရှိခဲ့ပေမယ့်လည်း မာတီတာနဲ့ အီဇီတို့ ၂ ဦးစလုံး အလွန်ကောင်းမွန်တဲ့အခွင့်အရေးတွေကို လွဲချော်ခဲ့ကြတာကြောင့် တန်ဟက်ရဲ့အသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က