လီဗာပူးနဲ့ ၅ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာပါ။

ယနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးနဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပထမပိုင်းစတင်ချိန်ကတည်းက အိမ်ရှင် ချယ်ဆီးအသင်းဟာ ခရစ်စတယ်ပဲလေ့စ်အသင်းကို ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တိကျသေချာတဲ့ ဂိုးပေါက်ကန်သွင်းမှုမပြုလုပ်နိုင်ခဲ့တာကြောင့် အဖွင့်ဂိုး ရရှိခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချယ်ဆီးအသင်းက တိုက်စစ်မြှင့်တင်ပြီး ဂိုးရရှိဖို့ တရာကြမ်းကြိုးပမ်းလာခဲ့ပြီး ၅၂ မိနစ်မှာ ဝီလီယံရဲ့ ပေးပို့မှုကနေတဆင့် တမ်မီအေဘရာဟမ်က ချယ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

တမ်မီအေဘရာဟမ်ဟာ ချယ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ကိန်းဂဏန်း ၂ လုံးရောက်ရှိအောင် သွင်းယူပေးနိုင်တဲ့ ဒုတိယအသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး အာဂျန်ရော်ဘင်က အသက် ၂၁ နှစ်နဲ့ ၃၄၂ ရက်အရွယ်မှာ ပထမဆုံးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ နောက်ဆုံးဧရိယာမှာပဲ အချိန်ကုန်နေခဲ့ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းဟာ အိမ်ရှင်ချယ်ဆီးအသင်းကို ဘယ်လိုမှ တုံ့ပြန်ကစားနိုင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။


၇၉ မိနစ်မှာ ပူလီဆစ်က ချယ်ဆီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ၄ ဦးမြောက် အမေရိကန်ကစားသမားဖြစ်လာခဲ့ပါတယ်။ ပူလီဆစ်ထက်အရင် ကလင့်ဒမ့်ဆေး၊ ဂျိုးမက်စ်မိုး၊ ရွိုင်းဝီဂါလီတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

Share

က္က