Mary ကတော့ ကိုယ်တိုင်လည်း အလှအပ မကြိုက်တဲ့သူဖြစ်သလို ပဲများတဲ့ မိန်းကလေးတွေကို သဘောမကျပါဘူးတဲ့။ သူမရဲ့ စိတ်နေစိတ်ထားလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူ တစ်ယောက်ပါ။
Photo: Mary
ပရိသတ်အချစ်တော်မလေး Mary ကတော့ သူမရဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် အမြဲတမ်း ပြုံးနေတတ်တာ တွေ့ရပါတယ်။ အမြဲတမ်း သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ သူမရဲ့ နေထိုင်မှု ပုံစံလေးကိုလည်း မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ Maryက ပေါ့ပေါ့ပါးပါးနေတတ်တယ်။ ကိုယ်ကလည်း ဝလာလိုက်၊ ပိန်သွားလိုက်နဲ့ ဝလာပြန်ရင်လည်း ဂရုမစိုက်ဘူး။Mary ဆိုရင်လည်း လှပကျော့မော့ပဲများတဲ့ မိန်းကလေးတွေ ဆိုရင် သဘောမကျဘူး။ ကိုယ်တိုင်ကလည်း ပဲမများဘူး။ မိတ်ကပ်လိမ်းရင်တောင်မှ ကိုယ့်ဘာသာလိမ်းတာ။ လက်နဲ့ပဲလိမ်းတာ ဘရပ်(ရှ်) မသုံးဘူး။ ၁၅ မိနစ်လောက်နဲ့ လိမ်းတာ” ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့က “အဟောင်း” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Mary
အဆိုတော်မလေး Mary ဟာ ဂျပန်နိုင်ငံရဲ့ ပညာရေး၊ လူမှုပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့ သူဆိုရင်လည်း မမှားပါဘူး။ သူမဟာ ဂီတကိုဝါသနာပါတဲ့သူဖြစ်တာကြောင့် မိဘရဲ့ ကူညီပံ့ပိုးမှုတွေထက် သူမကိုယ်တိုင် တစ်ယောက်တည်းကြိုးစားရုန်းကန်နေရတာဖြစ်ပါတယ်။ Mary ကိုယ်တိုင်လည်း ဂျပန်နိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
‘’များသောအားဖြင့် ဂျပန်နိုင်ငံမှာ ကလေးတွေက အထက်တန်းအထိပဲပေါ့နော်။ အရာရာကို မိဘလက်အောက်မှာ ရှင်သန်တယ်။ တက္ကသိုလ်ရောက်ပြီဆိုရင်တော့ ပိုက်ဆံကအစ အချိန် အကုန်လုံး ကိုယ့်ရဲ့ဘဝ စီမံခန့်ခွဲရတယ်ပေါ့။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့ ကလေးတွေ များတယ်။ ဒီမှာကကျတော့ အလုပ်မလုပ်ခင်အထိ မိဘအရိပ်အောက်မှာနေတဲ့ ကလေးတွေ ပိုများတယ်လို့ ထင်ပါတယ်’’ လို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ Mary ကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ Aoyama Gakuin University ကနေ ဘွဲ့ရရှိခဲ့ပြီးဖြစ်ပါတယ်။
Photo: Mary
Mary ကိုတော့ ဝဲ ဆိုတဲ့ သီချင်းလေးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူမက ထူးခြားတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ ကိုယ်ပိုင်သံစဉ်တွေနဲ့ သီဆိုထားတဲ့ ဝဲ ၊ Mask ၊ 3 AM သီချင်းတွေကိုလည်း ပရိသတ်တွေက အားပေး လက်ခံကြလို့ခဲ့ကြတာ တွေ့ရပါတယ်။ သူမရဲ့ သီချင်းတွေဟာ ပရိသတ်ရင်ဘတ်နဲ့လည်း ထပ်တူကျခဲ့တာများပါတယ်။ အခုဆိုရင် Maryဟာ သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ ပိုင်ဖြိုးသုတို့နဲ့ အတူတူ "အဟောင်း" ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။