(၉)ပွဲဆက် ရှုံးပွဲမရှိသေးတာပါ။

နည်းပြဆာရီရဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့နံနက်ပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ကျဉ်းမြောင်းတဲ့ အနိုင်ရလာဒ်နဲ့ Vidi FC အသင်းကို အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ချယ်လ်ဆီးအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး မိုရာတာက မိနစ် (၇၀)မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo : 3neel

 

ယူရိုပါလိဂ်ပွဲမှာ ဆာရီက ဟာဇက်ကို အနားပေးထားခဲ့ပြီး လအနည်းငယ် အနားယူနေခဲ့ရတဲ့ ကွင်းလယ်လူ ဖာဘရီဂတ်စ် ပါဝင်လာခဲ့ပါတယ်။ ကန်တေ၊ ဂျော်ဂျင်ဟိုတို့ကိုလည်း ချန်လှပ်ခဲ့ပြီး ကွင်းလယ်မှာ လော့တပ်ချိခ် နဲ့ ကိုဗာဆစ်တို့ကို ဖာဘရီဂတ်စ်နဲ့ တွဲဖက်ပေးခဲ့ပါတယ်။

Photo : African Stand

 

ပက်ဒရို၊ ဝီလီယံ နဲ့ မိုရာတာတို့က တိုက်စစ်ကို တာဝန်ယူခဲ့ပြီး ကစားခဲ့တာပါ။ အင်အားချင်းကွာခြားတဲ့ အသင်းတွေဖြစ်တာကြောင့် ချယ်လ်ဆီးက ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တစ်ဖက်သတ်ဖိကစားနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဂိုးရဖို့အတွက်တော့ ချယ်လ်ဆီးတို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှသာ အနိုင်ဂိုး ရခဲ့ပါတယ်။

Photo : Telegraph

 

ဒုတိယပိုင်း (၅၄)မိနစ်မှာ ဟာဇက်က လူစားလဲလှယ်ဝင်ရောက်လာခဲ့လို့ ချယ်လ်ဆီးရဲ့ တိုက်စစ်က ပိုပြီး ထိရောက်လာပါတယ်။ ဒါကြောင့်လည်း မိနစ် (၇၀)မှာ ဝီလီယံရဲ့ ဖန်တီးပေးမှုကနေ မိုရာတာက အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ချယ်လ်ဆီးကို နိုင်ပွဲရစေခဲ့ပါတယ်။

Photo : Flipboard

 

ဆာရီလက်ထက် ချယ်လ်ဆီးကတော့ ပြိုင်ပွဲစုံ (၉)ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပဲ ဒီရာသီမှာ တာထွက်ကောင်းနေခဲ့ပါတယ်။ အီတလီနယ်မြေကနေ အင်္ဂလန်ကို ရောက်ရှိလာခဲ့တဲ့ ဆာရီအတွက် နယ်မြေသစ်မှာ အရှုံးနဲ့ ရင်မဆိုင်ရသေးပဲ အသင်းကို အကောင်းဆုံး ထိန်းကျောင်းကိုင်တွယ်နေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က