People Choice Award အတွက် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကလည်း ပါဝင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Star Awards ဆုရွေးချယ်မှုကိုတော့ မြန်မာနိုင်ငံ သတင်းစာဆရာကြီးများအသင်းက ကြီးမှူးကျင်းပတာဖြစ်ပါတယ်။
Photo: Pyay Ti Oo
Star Awards ရဲ့ People Choice Award ဆုအတွက် အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ကလည်း ပါဝင်ခြင်းမရှိတော့ဘူးလို့ ပြေတီဦးကိုယ်တိုင်က ပရိသတ်ကို တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်။
‘’ကျွန်တော်နှင့် အူဝဲ STAR AWARD , people's choice မှာ ပါဝင်ခြင်းမရှိတော့ပါခင်ဗျာ။ ကျွန်တော်တို့နှစ်ယောက်ကို ချစ်ခင်အားပေးကြသော ပရိသတ်များ ဆက်လက်ပြီး vote မလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ’’ ဆိုပြီးတော့ မတ်လ ၁၈ ရက်နေ့ မနက် ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။
Photo: Star Awards
ပြေတီဦးဟာ People Choice Awards အတွက် ရွေးချယ်ရမယ့် နံပါတ် ၂ အနေနဲ့ ပါဝင်ထားတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကလည်း အဆိုပါ ဆု အတွက် နံပါတ် ၁၁ နေရာကနေ ပါဝင်ခဲ့တာပါ။ သူတို့ ဇနီးမောင်နှံကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်များစွာတို့ကလည်း Voting ပေးထားကြတာကို တွေ့ရပါတယ်။ Star Awards ရဲ့ People choice Awards ဆုအတွက် Voting တစ်ခုကို ငွေ ၁၅ ကျပ် ပေးရတယ်လို့ သိရပါတယ်။ ဒီလို ငွေပေးစနစ် ပါလာတာကြောင့်လည်း အနုပညာရှင်တချို့ နှုတ်ထွက်ခဲ့တာကို တွေ့ရပါတယ်။
Photo: Star Awards
Photo: Pyay Ti Oo
Star Awards Movie/ TV Series ဆုများပေးအပ်ခြင်း အစီအစဉ်တွင် ပေးအပ်မယ့် ဆုများမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင် (ကျား)၊သရုပ်ဆောင်(မ)နဲ့ အထူးဆုတို့ ဖြစ်ပြီး ဆုတစ်ဆုကို ငွေရောင်ဆုတံဆိပ်နှင့်ဆုကြေးငွေ ကျပ်သိန်း(၃၀) တို့ကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲအတွက် MRTV၊MWD၊ MRTV-4၊ Sky-Net တို့က ရုပ်သံဇာတ်လမ်းတွဲဆုအတွက် ဇာတ်လမ်းတွဲ(၁၁)တွဲ ပေးပို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။