ပြောင်းဖူးမုန့်ထဲ ပလတ်စတစ်ပါဝင်တယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ရက်မှာ တက်လာပြီးနောက် PespsiCo ကုမ္ပဏီနဲ့Facebook အကြား တရားသဘောင်တွေ ဖြစ်ခဲ့ပါတယ်။
photo: Gizmodo
Kurkure ပြောင်းဖူးချောင်းကို ပလတ်စတစ်တွေနဲ့လုပ်ထားပါတယ်ဆိုပြီး လူမှုကွန်ရက်မှာ ပို့စ်တွေ ၊ ဗွီဒီယိုတွေ နဲ့ပုံတွေ တက်လာပြီးနောက် PepsiCo ဟာ လူမှုကွန်ရက်တွေပေါ်က ဒီပို့စ်တွေကို ဖြုတ်ချဖို့တရားစွဲခဲ့တာပါ။ PepsiCo ရဲ့ Kurkure ပေါက်ဖူးမုန့်ကောလာဟာလဟာ Facebook ၊ Twitter ၊ Instagram နဲ့YouTube ပေါ်က အိန္ဒိယဆိုက် Medianama တို့ပေါ် ပျံ့နှံ့ခဲ့ပါတယ်။
အခုချိန်မှာ Facebook လင့်ခ်ပေါင်း ၃၄၁၂ ခု ၊ ပို့စ်ပေါင်း ၂၀၂၄၄ ပို့စ် ၊ YouTube ဗွီဒီယိုပေါင်း ၂၄၂ ခု ၊ Instagram လင့်ခ် ၆ ခု နဲ့Twitter ပေါ်က tweet ပေါင်း ၅၆၂ ခုတို့ကို ပယ်ဖျက်ဖို့ဒေလီတရားရုံးက အမိန့်ချလိုက်တာပါ။
ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်တဲ့ အမိန့်မှာ PepsiCo ရဲ့ Kurkure အမှတ်တံဆိပ်ကို အသရေဖျက်တဲ့ ဗွီဒီယိုများ ပါဝင်တဲ့ လင့်ခ်များ ပို့စ်များ ဖြုတ်ချဖို့၊ ပိတ်ပင် ဖယ်ရှားဖို့ခွင့်ပြုလိုက်သည်လို့ပါရှိပါတယ်။
လူမှုကွန်ရက်သုံးသူများဟာ Kurkure မုန့်ဟာ ပလတ်စတစ်နဲ့လုပ်ကြောင်း မီးရှို့ပြီး သက်သေပြတဲ့ ဗွီဒီယိုဖိုင်တွေ တင်ခဲ့တာပါ။ တစ်ချို့ကတော့ ကာဘွန်ဟိုက်ဒရိုက်ပါလို့မီးရှို့ရင် ပျော်သွားတာ ဖြစ်ပြီး ပလတ်စတစ်နဲ့ထုတ်ထားတာ မဟုတ်ကြောင်း ပို့စ်တွေ တင်ခဲ့ပါတယ်။
အခုချိန်မှာ YouTube ပေါ် Kurkure မုန့်မှာ ပလတ်စတစ်ပါတယ်ဆိုပြီး စာရိုက်ရှာကြည့်မယ်ဆိုရင် ဒါနဲ့သက်ဆိုင်တဲ့ ဗွီဒီယိုတွေကို မြင်ရတော့မှာ မဟုတ်ပါဘူး။
PepsiCo ကုမ္ပဏီအနေနဲ့Kurkure မုန့်တွေကို သဘာဝဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဆန် ၊ ပြောင်းဖူးနဲ့အခြား မီးဖိုချောင်သုံး အသီးအရွက်တွေနဲ့ရာနှုန်းပြည့် ဘေးကင်းအောင် ထုတ်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။