စတုတ္ထနေရာက အာဆင်နယ်နဲ့ ၁ မှတ်သာကွာဟတော့တာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းဂိုးသမား ဟူဂိုလိုရစ်ဟာ အသင်းရဲ့အမှတ်ပေးပွဲစဉ် ခြေစွမ်းနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေပြီး လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ကစားသွားဖို့ လိုအပ်ကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းက ယမန်နေ့ညက မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူပြီး စပါးအသင်းနဲ့ ၁ မှတ်အကွာ အဆင့်လေးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဟူဂိုလိုရစ်က ၁၂ မှတ်ရရမယ့်အစား ၁ မှတ်သာ ရယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့အမှတ်ပေးဖလားပွဲစဉ်က ခြေစွမ်းနဲ့ပတ်သက်ပြီး စိတ်ပူနေမိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်း အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံးလေးနေရာကနေ မကျဆင်းသွားအောင် လက်ကျန် ပွဲစဉ်အားလုံးကို အနိုင်ကစားဖို့ လိုအပ်နေတယ်လို့ ဟူဂိုလိုရစ်က ယုံကြည်နေတာဖြစ်ပါတယ်။

“ချန်ပီယံလိဂ်မှာ ရှိနေမှာမဟုတ်ဘူးဆိုတဲ့အကြောင်း ပြောဖို့ အရမ်းစောလွန်းပါသေးတယ်။ မသေချာတဲ့ယုံကြည်မှုနဲ့ပတ်သက်ပြီး ကျွန်တော် မပြောချင်ပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ တွေ့ရမှာဖြစ်ပြီး ဘာနဲ့ထိုက်တန်မလဲဆိုတာ တွေ့ရမှာပါ”

“ကျွန်တော်တို့ ပြိုင်ပွဲထဲမှာပဲ ရှိပါသေးတယ်။ အဲဒါက အရေးကြီးဆုံးအရာတစ်ခုပါပဲ။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်တို့ တစ်စုံတခုကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အဝေးကွင်းပွဲစဉ်တွေပေါ့။ ရာသီမကုန်ခင်အထိ အရမ်းကို တင်းကြပ်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ထိပ်ဆုံးလေးနေရာအတွက် အသင်းလေးသင်းအတွက် ၂ နေရာပဲ ရှိပါတယ်”

“လိဂ်ပွဲစဉ်တွေက အသင်းပုံစံကို ကျွန်တော် စိုးရိမ်နေလားဆိုရင် ဟုတ်ပါတယ်။ နိုင်ပွဲတစ်ပွဲမှ မရတာ လေးပွဲရှိနေပါပြီ။ အထူးသဖြင့် ခင်ဗျား အမှတ်ရမယ်လို့ မျှော်လင့်ထားတဲ့အသင်းတွေနဲ့ကစားတဲ့ ပွဲစဉ်မှာပေါ့။ အဲဒီပွဲစဉ်တွေကို ရှုံးနိမ့်ရတာ အရမ်းခက်ခဲပြီး အဲဒီရှုံးပွဲတွေက ကျွန်တော်တို့အတွက် ရှုပ်ထွေးတဲ့အရာတွေဖြစ်စေပါတယ်”လို့ The Mirror ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က