ပဲခူး ရန်ကုန် ကားတွေဟာ တိုင်းဒေသကြီး နှစ်ခုကို ချိတ်ဆက်ပြေးဆွဲရတာဖြစ်တာကြောင့် ပြေးဆွဲတဲ့ ယာဉ်တွေဟာလည်း တိုင်းနှစ်ခုလုံးမှာအခြေစိုက်တဲ့ယာဉ်လိုင်းတွေဖြစ်လို့ စည်းကမ်းပိုင်းဆိုင်ရာကို ကိုင်တွယ်တဲ့အခါ အခက်အခဲရှိနေတယ်လို့ YRTA မှ တာဝန်ရှိတစ်ဦးကပြောပါတယ်။

ပဲခူး - ရန်ကုန်  ပြေးဆွဲနေတဲ့ Mini bus ယာဉ်လိုင်းတွေဟာ ယာဉ်စီးခကို ပုံမှန် နူန်းထားထက်မြင့်တက်ပြီး ၃၀၀၀ ကျပ်အထက်ထိကောက်ခံမှုတွေရှိနေတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။

"မတ်တတ်ရပ်ခရီးသည်အထိပါ ကားအပြည့်တင် ၊ ကားခကို ၁၀၀၀ ကနေ ၁၅၀၀၊ အခု COVID မို့ ၂၀၀၀ တင်ရာကနေ လူအပြည့် မတ်တပ်တောင် ပြန်တင်နေပြီး ဈေးက ပြန်မကျပါ။ နေ့စဉ် ရုံးတက်နေရတဲ့ ဝန်ထမ်းတွေ အတော်လေး အဆင်မပြေဖြစ်ရပါတယ်။ ဒရိုင်ဘာတွေ အပြောအဆို ရိုင်းစိုင်းတာတွေ၊ ဂိတ်မှာ မတ်တက်လူရတဲ့အထိ လူတင်တာတွေ၊ ဂက်စ်ကုန်ပြီဘာညာဆိုပြီး ကားပြောင်းခိုင်းတာတွေ အစုံပါပဲ"လို့ ခရီးသွားတစ်ဦးဖြစ်တဲ့ ကို Andrew Kyaw က ပြောဆိုထားပါတယ်။



ပဲခူးကနေ ရန်ကုန်ကို ခရီးတစ်ကြောင်းစာကို ၁၀၀၀ ကျပ်သာ ကျသင့်ပေမယ့် လက်ရှိမှာတော့ ခရီးတစ်ကြောင်းကို ယာဉ်စီးခ ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်နဲ့ ၃၀၀၀ ကျပ်အထိ တောင်းခံတာရှိသလို တချို့ကားတွေဟာ မတ်တတ်ခရီးသည်အထိပါ တင်ဆောင်နေတာကြောင့် ခရီးသွား တွေအတွက် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Seint Seint tun

" သိသလောက်တချို့ကားတွေက ၃၀၀၀ ကောက်တယ်၊ ၂ ခုံကို ၁ ယောက်ထဲထိုင်ရမယ်ပြောပါတယ်။ တချို့ကားကတော့ ၂၀၀၀ ကောက်တယ်။ ခုံအပြည့် တင်တယ်။ အဲဒီလိုပဲ ၁၀၀၀ ကောက်နေတဲ့ကားတွေလည်း ရှိနေသေးတယ်။ အလုပ်ချိန်စောရင် ၁၀၀၀ ကားစောင့်စီးတယ််" လို့ ပဲခူးကနေ ရန်ကုန်ကို နေ့စဉ်အလုပ်လာရောက်လုပ်ကိုင်နေသူ မသဲစုက ပြောပါတယ်။

ပဲခူး ရန်ကုန် ကားတွေဟာ တိုင်းဒေသကြီး နှစ်ခုကို ချိတ်ဆက်ပြေးဆွဲရတာဖြစ်တာကြောင့် ပြေးဆွဲတဲ့ ယာဉ်တွေဟာလည်း တိုင်းနှစ်ခုလုံးမှာအခြေစိုက်တဲ့ယာဉ်လိုင်းတွေဖြစ်လို့ စည်းကမ်းပိုင်းဆိုင်ရာကို ကိုင်တွယ်တဲ့အခါ အခက်အခဲရှိနေတယ်လို့ YRTA မှ တာဝန်ရှိတစ်ဦးကပြောပါတယ်။

"တိုင်း နှစ်ခုကို ဆက်စပ်လုပ်ရတာဖြစ်တော့ အခက်အခဲရှိတယ်။ဒါပေမယ့် ကားတွေကိုတော့ ယာဉ်စီးခတိုးမြှင့်ကောက်ဖို့ မပြောထားဘူး။ ကိုဗစ် Social Distancing နဲ့အညီပြေးဆွဲဖို့ပဲ အဓိကထားပြောတယ်။ သူတို့က အဲဒီအပေါ်လိုက်ပြီးတော့ ကားခတင်တာဖြစ်နိုင်တယ်။ တိုင်းနှစ်ခုကိုချိတ်ဆက်ပြီး နယ်ကျော် ပြေးဆွဲတာမျိုးဖြစ်လို့ ရန်ကုန်ဘက်ကဟာကို ကျွန်တော်တို့လုပ်လို့ရတာအကုန်လုပ်ပါမယ်။ ပဲခူးဘက်က ယာဉ်လိုင်းတာဝန်ရှိသူတွေကိုလည်း ဆက်သွယ်အကြောင်းကြားပါမယ်" လို့ YRTA ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။

လက်ရှိ ပဲခူးနဲ့ရန်ကုန် ပြေးဆွဲနေတဲ့ကားတွေထဲမှာ တချို့ကားတွေဟာ ကျိုက်ထိုအထိပါ သွားတာတွေရှိလို့ ကားအစီးရေ အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က