ဟိုက်ဂျက်ယာဉ်မောင်းဖြစ်သူကို ပုဒ်မ ၃၀၄ (ဂ) ၊ ၃၃၇/ ၃၃၈ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး လက်ခုပ်ကုန်းကျေးရွာက လေအေးကျောင်းရှေ့မှာ ဒီနေ့ မတ်လ ၂၈ ရက်မနက်ပိုင်းက အလှုခံယာဉ်နဲ့ ကုန်တင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ပါတယ်။

ဓါတ်ပုံ- ကိုစိုးမင်းလွင်

မနက် ၇ နှစ်နာရီလောက်မှာ တောင်ကနေ မြောက်ကိုလာတဲ့ ပဲခူးနေ နိုင်ထက်လင်းမောင်းနှင်တဲ့ ဆူူဇူကီးအဖြူရောင် အလှုခံယာဉ်က လမ်းလယ်မျဉ်းတစ်ဖက်ကို ငါးပေကျော်ပြီးတော့ ယာဉ်မောင်းဦးဝင်းသိန်းဖေ မောင်းတဲ့ ၂၂ ဘီးအာရှ အချိုရည်ဘူးတင်လာတဲ့ကားကို ဝင်တိုက်တယ်။ ၂၂ ဘီးကားရဲ့ အရှေ့ဝဲဘက်ထောင့်ကို ဟိုကားက လမ်းကျွံပြီးဝင်တိုက်တာ။တိုက်တော့ ဟိုက်ဂျက်က နောက်ကို ပြန်လွင့်တယ်။ဟိုကားကလည်း ရှေ့ကို ပေတစ်ရာလောက်မှာ လမ်းကို ကန့်လန့်လဲသွားတယ် ” လို့ ဖောင်တော်သီရဲစခန်းက စခန်းမှုးနေလင်းက Duwun ကိုပြောပါတယ်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်ပေါ်လိုက်ပါလာတဲ့ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးတော့ ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

၂၂ ဘီးယာဉ်ပေါ်ပါလာတဲ့ ယာဉ်မောင်းအပါအဝင် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်မောင်းဖြစ်သူကို ပုဒ်မ ၃၀၄ (ဂ) ၊ ၃၃၇/ ၃၃၈ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က