ဒီဇင်ဘာ(၅)ရက်နေ့ညနေကဖြစ်ပွားခဲ့တာပါ။

အသတ်ခံရတဲ့ စီးပွားရေးလုပ်ငန်းရှင်ဟာ နေ့စဉ် သူသွားနေကျအလုပ်ခြံကိုသွားစဉ် ည(၇)နာရီလောက်မှာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပြီး မနက် (၃)နာရီလောက်မှာတော့ မီးရှို့ထားတဲ့အမှိုက်ပုံမှာ အလောင်းကို ပြာတွေနဲ့အုပ်ထားတာကိုတွေ့ရှိခဲ့ရတာပါ။ 

ပဲခူးမှာ ဒီဇင်ဘာလ(၅)ရက်နေ့ ညနေပိုင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအသတ်ခံရပြီး အလောင်းဖျောက်မှုဖြစ်ပွားခဲ့ပါတယ်။ အသတ်ခံရတဲ့သူက ရေသန့်စက်ရုံနဲ့ ဆန်ပွဲရုံလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး နေ့စဉ် သူသွားနေကျ အလုပ်ခြံဝန်းသွားစဉ်မှာအဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ မနေ့က ညနေ(၅)နာရီလောက်ထိ ကျွန်တော်တို့အဆက်အသွယ်ရတယ်။ သူ့အမျိုးသမီးနဲ့ကတော့ညနေ (၆)နာရီခွဲလောက်ထိ အဆက်အသွယ်ရသေးတယ်ပြောတယ်။ ကျွန်တော်တို့အထင်တော့ ည(၇)နာရီနောက်ပိုင်းလောက်မှုဖြစ်တာ။ အဲဒီချိန်မှာ အဆက်အသွယ်ပြတ်သွားတော့မှ အကုန်လုံးကစိတ်ပူပြီးလိုက်ရှာကြတာပေါ့။ သူနဲ့လည်း ဘယ်သူမှမပါသွားဘူး၊ သူတစ်ယောက်တည်းသွားတာ။ တစ်ညလုံးလိုက်ရှာကြပြီး မနက်(၃)နာရီလောက်ကျမှ ကျွန်တော်တို့ မထင်ထားတဲ့နေရာ အမှိုက်ပုံမီးရှို့ထားတဲ့နေရာမှာ အလောင်းကို မီးခိုးပြာတွေနဲ့အုပ်ထားတာကိုတွေ့ရတာ” လို့ သေဆုံးသူရဲ့လုပ်ဖော်ကိုင်ဖက် လုပ်ငန်းရှင်တစ်ဦးမှ Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ သေဆုံးသူမောင်းနှင်သွားတဲ့ လင်ခလူစာ အဖြူရောင် ကားနံပတ် 5D-6756 ကားပျောက်ဆုံးနေပြီး နောက်ထပ်သူနဲ့ ပါသွားတဲ့ ပစ္စည်းဘာတွေပျောက်ဆုံးနေလဲဆိုတာကိုတော့ စစ်ဆေးနေဆဲပဲရှိသေးတယ်လို့ သိရပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်လို့ အမှုဖွင့်ထားပြီး တာဝန်ရှိသူတွေအနေနဲ့ကလည်းသေဆုံးသူပျောက်ဆုံးသွားတဲ့နေရာကစပြီး CCTV တပ်ဆင်ထားတဲ့ နေရာတွေတလျှောက် စစ်ဆေးမှုတွေလိုက်လံဆောင်ရွက်လျှက်ရှိနေပါတယ်။

Share

Loading Next Article...
က္က