စောင့်ကြည့်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

ပဲခူးတိုင်းထဲက မော်တော်ကားတွေကို GPS စနစ်တပ်ဆင်ပြီး စောင့်ကြည့်ထိန်းချုပ်ဖို့ စီစဉ်နေတယ်လို့  ပဲခူးတိုင်းအစိုးရအဖွဲ့ကသိရပါတယ်။


GPS စနစ်တပ်ဆင်ခြင်းကို Pilot Project အဖြစ်ပဲခူးမြို့ယာဉ်လိုင်းတွေထဲကနေ ယာဉ်အစီးရေ(၁၀၀)ခန့် ကို စတင်သုံးစွဲဖို့ စီစဉ်ထားပြီး အစီအစဉ် အကောင်ထည်ဖော်နိုင်ရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေက ယာဉ်လိုင်းအသင်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်။ ပြည်ပနိုင်ငံတွေက ထုတ်လုပ်တဲ့ စက်ရုံတွေဆိုရင် မော်တော်ယာဉ်မှာ တစ်ပါတည်း GPS စနစ်တပ်ဆင်ထားပြီးဖြစ်တယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်လည်း YBS မော်တော်ယာဉ်လိုင်းကားတွေကို GPS တပ်ဆင်ပြီး YRTA ကနေ ထိန်းချုပ်စောင့်ကြည့်နေတယ်။ဒါကြောင့် တိုင်းထဲက ယာဉ်လိုင်းတွေက မော်တော်ယာဉ်တွေကို GPS တပ်ဆင်နိုင်ဖို့ တွေ့ဆုံဆွေးနွေးတာဖြစ်တယ်။ခုကာလက အမိန့်အာဏာနဲ့ ဆောင်ရွက်ရမယ့် ခေတ်ကာလမဟုတ်ဘူး၊ဒါကြောင့် စည်းရုံးခြင်း၊ အသိပညာပေးတာတွေပဲပြုလုပ်မှာဖြစ်တယ်"လို့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။


မော်တော်ယာဉ်တွေမှာ GPS တပ်ဆင်နိုင်ရေးအတွက် GPS ကုမ္ပဏီနဲ့ တိုင်းအစိုးရအဖွဲ့ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲ့ဒီတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယာဉ်လိုင်းတွေ၊ အငှားယာဉ်တွေမှာ GPS တပ်ဆင်ပေးလိုက်ပါက ယာဉ်အန္တရာယ်ကင်းရှင်းခြင်း၊ ယာဉ်ကြောကြပ်တည်းမှု လျော့ကျခြင်း၊ မော်တော်ယာဉ် ခိုးယူမှုကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးနိုင်ခြင်း၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့လည်း မိမိ မော်တော်ယာဉ် ပြေးဆွဲနေမှုကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင် မှာဖြစ်ပါတယ်။ဒါ့အပြင်ယာဉ်တစ်စီးချင်းစီအလိုက် အချက်အလက်တွေ ရရှိနိုင်ခြင်း၊ မော်တော်ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်း၊ မော်တော်ယာဉ် သက်တမ်းတိုးခြင်း စတာတွေကိုပါ အထောက်အကူ ဖြစ်စေနိုင်မယ်လို့သိရပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


Share

က္က