ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်းဖြစ်ခဲ့တာပါ။
ပဲခူးတိုင်းဝန်ကြီးချုပ်သားကို ဓားနဲ့ထောက်ပြီး ဖုန်းနဲ့ ငွေတောင်းသူတွေကို နာရီပိုင်းအတွင်းဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးအမှတ် ၁ နယ်မြေရဲစခန်းကသိရပါတယ်။

Photo - Bago Regional Police Force

ပဲခူးမြို့ နန်းတော်ရာရပ်ကွက်ရှိ ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း မှာ မေလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့သားဟာ သူ့ရဲ့ သူငယ်ချင်း ၃ ယောက်နဲ့အတူ ဓါတ်ပုံတွေရိုက်ကူးနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။

သူငယ်ချင်းနှစ်ယောက်က ဓါတ်ပုံတွေရိုက်ကူးနေလို့ ခနထိုင်ပြီးနားနေချိန်မှာ လူနှစ်ယောက်ရောက်လာပြီး ဓါးနဲ့ထောက်ပြီး ဖုန်းနဲ့ ငွေကို ခြိမ်းခြောက်တောင်းယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ပတ်ဝန်းကျင်ကို အော်ဟစ်ပြီး အကူအညီတောင်းခဲ့ပေမယ့် လုယူသူတွေဟာ ဆိုင်ကယ်နဲ့ထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။

အဲ့တာကြောင့်ရဲတပ်ဖွဲ့ကလိုက်လံစုံစမ်းရာမှာ အနီးအနားမှာ ရှိတဲ့ အိမ်တစ်အိမ်ရဲ့ CCTV ကနေတဆင့် သူတို့ကိုသိရှိခဲ့ပြီး ပဲခူးမြို့ မြစိမ်းရောင်စေတီအနောက်ဖက်မှာ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာမှာ ဓါးနဲ့ပြန်လည်ခုခံခဲ့လို့ ရဲတပ်ဖွဲ့တွေက အတင်းဝင်ရောက်ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ဆီက ရဲတွေရောက်လာတော့ ပြန်ပြီးခုခံတာကြောင့် လုံးထွေးသတ်ပုတ်ပြီးဖမ်းဆီးခဲ့ရပါတယ်။"လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ ကျူးလွန်သူတွေဖြစ်တဲ့ မင်းထက်သာနဲ့ သူရိန်ထွန်တို့နှစ်ယောက်ကို စစ်ဆေးရာမှာ အခြားအမှုတွေကိုလည်းကျူးလွန်ထားသေးတာတွေ့ရတဲ့အတွက် ပဲခူးမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၇၊ ၁၁၄၊ ၃၈၂၊ ၅၄ တို့နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က