ပြင်သစ်ပရိသတ်တွေဟာ မနေ့ညက ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ မော်ရိုကိုတို့ရဲ့ ပဲရစ်အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ မစတင်ခင်မှာ အာဂျင်တီးနားကို လှောင်ပြောင်တိုက်ခိုက်ခဲ့ကြပါတယ်။ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ဟာ အရင်ကတည်းက ရန်ကြွေးရန်စရှိခဲ့တာပါ။
အန်ဇိုဖာနန်ဒက်ဇ်အပါအဝင် အာဂျင်တီးနား လက်ရွေးစင် အသင်းကြီးက ကစားသမားတွေဟာ ကိုပါအမေရိကမှာ ချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက် ပြင်သစ်လက်ရွေးစင်အသင်းကို လှောင်ပြောင်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်မှာ အာဖရိကနွယ်ဖွား အများအပြား ပါဝင်ကစားနေပြီး ဒီအပေါ်မှာ အာဂျင်တီးနားက လှောင်ပြောင်ခဲ့တာပါ။
ဒီဖြစ်ရပ်က ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့ပြီး ပြင်သစ်က ဖီဖာထံ တိုင်ကြားခဲ့သလို အန်ဇိုဖာနန်ဒက်ဇ်ကလည်း ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ အခု အိုလံပစ်ပွဲမှာတော့ အိမ်ရှင်ပရိသတ်တွေက အာဂျင်တီးနား ယူ-၂၃ ကို အလွတ်မပေးဘဲ ပြန်လည်လှောင်ပြောင်ခဲ့တာပါ။
အာဂျင်တီးနားတို့ မော်ရိုကိုနဲ့ မကစားခင် နိုင်ငံတော်သီချင်း သီဆိုနေချိန်မှာ ပွဲကြည့်စင်ပေါ်က ကျယ်လောင်တဲ့ လှောင်ပြောင်သံတွေ ထွက်ပေါ်လာခဲ့ပြီး လက်တုံ့ပြန်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း ရပ်ဘီပွဲမှာ အာဂျင်တီးနားအသင်းကို ပြင်သစ်ပရိသတ်တွေက လှောင်ပြောင်ခဲ့သေးကြောင်း သိရှိရပါတယ်။