ဂျီးဆပ်စ်ရဲ့ခြေစွမ်းပြမှုနဲ့ အာဆင်နယ်တို့ လက်စတာကိုနိုင်ခဲ့တာပါ။

အာဆင်နယ်ကတော့ ဂျီးဆပ်စ်ရဲ့ခြေစွမ်းပြမှုနဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်အိမ်ကွင်း ပထမဆုံးပွဲကို နိုင်ပွဲနဲ့အတူ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဂျီးဆပ်စ်တယောက် ရာသီအဖွင့်ပွဲမှာ ဂိုးမရခဲ့ပေမယ့် ဒီပွဲမှာတော့ ဂိုးရဖို့ ဘာဖိအားမှမရှိခဲ့ဘဲ စောစောစီးစီး နှစ်ဂိုးရရှိခဲ့ပါတယ်။ အာတီတာကတော့ ရာသီအဖွင့်ပွဲက လူစာရင်းအတိုင်းပဲ ပွဲထွက်လာခဲ့ပါတယ်။



ပွဲကစားချိန် (၂၂) မိနစ်မှာတင် ဂျီးဆပ်စ်က အသင်းအတွက်အဖွင့်ဂိုးကို အဝေးထောင့်ထဲ လှလှပပကန်သွင်းယူခဲ့ပါတယ်။ နောက် (၁၀) မိနစ်ကျော်အကြာမှာလည်း ဒုတိယဂိုးကို ဂျီးဆပ်စ်ကပဲ ထပ်မံသွင်းယူပြီး အာဆင်နယ်တို့ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်နဲ့ သက်သောင့်သက်သာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဆာလီဘာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် လက်စတာတို့ ချေပဂိုးတဂိုးရခဲ့ပေမယ့် ချာကာက ချက်ချင်းဆိုသလိုပဲ ဂျီးဆပ်စ်နဲ့ လက်စတာဂိုးသမား ဝါ့ဒ်တို့ ဘောလုံးယှဥ်လုရာကတဆင့် ရလာတဲ့ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း မက်ဒီဆင်ရဲ့ ချေပဂိုးတဂိုးကို အာဆင်နယ်တို့ ထပ်ပြီးခွင့်ပြုရသေးပါတယ်။

ဒါပေမယ့်လည်း နောက်တမိနစ်အကြာမှာ အာဆင်နယ်တို့ ဦးဆောင်ဂိုးထပ်ရခဲ့ပြီး ဒီဂိုးကို ဂျီးဆပ်စ်ရဲ့ဖန်တီးပေးမှုကတဆင့်ပဲ မာတီနယ်လီက သွင်းယူသွားခဲ့ပါတယ်။ လက်စတာကတော့ အာဆင်နယ်ကို တဂိုးအကွာကနေ ဖိအားပေးဖို့ကြံလိုက်၊ အာဆင်နယ်က ဦးဆောင်ဂိုးထပ်သွင်းလိုက်နဲ့ပဲ လုံးပါးပါးခဲ့ပြီး ပွဲအပြီးမှာ အာဆင်နယ်က လက်စတာကို ၄-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီအဖွင့်မှာ တန်းဆင်းဇုန်ထဲရောက်တဲ့အထိ အခြေအနေဆိုးခဲ့တဲ့ အာဆင်နယ်တို့ ဒီရာသီအစပိုင်းမှာတော့ တော်တော်လေး ခြေစွမ်းပြနေပါတယ်။ အထူးသဖြင့် တိုက်စစ်မှူးသစ် ဂျီးဆပ်စ်က ဒီပွဲမှာ အသင်းရရှိခဲ့တဲ့ ဂိုးအားလုံးအတွက် နှစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပြီး အကောင်းဆုံး ပါဝင်ပတ်သက်ခဲ့ကာ အသင်းကလည်း လက်ရှိအချိန်ထိ ရာနှုန်းပြည့်နိုင်ပွဲဆက်နေဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က