နောက်ခံလူတစ်ယောက် ဒီဆုကို ရထားတာ လွန်ခဲ့တဲ့ ၁၄ နှစ်က နောက်ဆုံး ဖြစ်ပါတယ်။
နောက်ခံလူတစ်ယောက် ဒီဆုကို ရထားတာ လွန်ခဲ့တဲ့ ၁၄ နှစ်က ဖြစ်ပြီး ဂျွန်တယ်ရီက ဆွတ်ခူးထားတာ ဖြစ်သလို သမိုင်းတစ်လျှောက် နောက်ခံလူ ၅ ဦးသာ ရဖူးပါတယ်။

လီဗာပူး နောက်ခံလူ ရော်ဘတ်ဆန်က အသင်းဖော် ဗန်ဒိုက်အနေနဲ့ ရာသီအကုန်မှာ PFA တစ်နှစ်တာအ ကောင်းဆုံးဆုကို ရရှိဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိမှာလည်း အဆိုပါ ဒတ်ချ်နောက်ခံလူ ဗန်ဒိုက်က မန်စီးတီးက အဂူရို၊စတားလင်း၊ ဒေးဗစ်ဆေးလ်ဗားတို့နဲ့ အပြိုင် ဒီဆုကိုရဖို့ ရေပန်းစားနေတဲ့အထဲမှာပါဝင်နေတယ်လို့ Sky Sport ကဖော်ပြချက်အရ သိရပါတယ်။

၁၉၇၄ ခုနှစ်ကတည်းက စတင်ပေးခဲ့တဲ့ အဆိုပါ ပရော်ဖက်ရှင်နယ် အားကစားသမားများ အဖွဲ့စည်းရဲ့ PFA တစ်နှစ်တာအကောင်းဆုံးဆုကို နောက်ခံလူတွေ ရထားတာဆိုလို့ ၅ ကြိမ်သာ ရှိပြီး နောက်ဆုံး ရရှိထားတာက လွန်ခဲ့တဲ့ ၁၄ နှစ်က ဂျွန်တယ်ရီ ဖြစ်ပါတယ်။ လက်ရှိဒီနှစ်မှာတော့ ချန်ပီယံ ပြေးလမ်းကြောင်းပေါ် ပြေးနေတဲ့လီဗာပူးအတွက် ဗန်ဒိုက်က အဓိက ကစားသမား အဖြစ် ဂိုးတွေပါ သွင်းယူပေးနေတာ ဖြစ်ပါတယ်။

“ဒီညမှာသာ လိဂ်ပြီးသွားခဲ့ပြီဆိုရင် တစ်နှစ်တာအကောင်းဆုံးဆုကို ဗန်ဒိုက်ကို ကျွန်တော်ကိုယ်တိုင်ပေးမှာပါ။” လို့ ရော်ဘတ်ဆန်က ပြီးခဲ့တဲ့ ဝက်ဖို့ဒ်ကို ၅-၀ နဲ့ နိုင်တဲ့ပွဲအပြီးမှာ ပြောခဲ့တယ်ဆိုတာ Sky Sportက ဖော်ပြလာပါ တယ်။ “အခုတော့ ၁၀ ပွဲလိုပါသေးတယ်။ဒါပေမယ့် ဒီဆုကိုရရှိဖို့ ဗန်ဒိုက် စွမ်းဆောင်နိုင်မှာပါ။” လို့ ရော်ဘတ်ဆန်က ယုံကြည်ထားပါသေးတယ်။

ပုံမှန်အားဖြင့် တိုက်စစ်မှူးတွေသာ ဒီဆုအတွက် ဆန်ကာတင်စာရင်းမှာ ပြိုင်ဆိုင်ရလေ့ရှိပြီး အကြောင်းကတော့ သွင်းဂိုးတွေနဲ့အတူ ပရိသတ်တွေရှေ့ မြင်သာထင်သာ ရှိနေခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗန်ဒိုက်အနေနဲ့ ဒီဆုကို အာရုံမစိုက်ပဲ အသင်းကိုသာ အာရုံစိုက်ထားကြောင်း၊ ဒါပေမယ့် ဒီဆုရဲ့ စာရင်းဝင်တွေထဲ သူပါနေလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ရော်ဘတ်ဆန်က ပြောသွားပါသေးတယ်။

Share

Loading Next Article...
က္က