အဆိုတော်ယုန်လေးကတော့ ပရဟိတအလုပ်တွေ ပြန်လည် လုပ်ကိုင်နိုင်ဖို့အတွက် လုပ်ခွင့်ရတဲ့ အနုပညာအလုပ်လေးတွေ ပြန်လုပ်သွားမယ်လို့ ဆိုပါတယ်။
Photo: Yone Lay
ယုန်လေးကတော့ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် ပြန်လုပ်သွားမယ်လို့ဆိုပါတယ်။ သူဟာ ရိုက်ကူးရေးလုပ်ခွင့် တစ်နှစ် အပိတ်ခံထားရပေမယ့် ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ တင်ပြီး ကြော်ငြာလို့ရမယ့် ရိုက်ကူးရေးလေးတွေလုပ်ဖို့ အလုပ်လေးတွေ အပ်စေချင်တယ်လို့ ဆိုပါတယ်။
" ရုပ်ရှင်အစည်းရုံးကို စော်ကားတာမဟုတ်ပါဘူး ခင်များ၊ ရုပ်ရှင်အစည်း ရုံးကို လျောက်လွှာတင်စရာမလိုပဲ Fb အတွက် ကြေညာလေးတွေ ရိုက်ပေးလို့ရပါတယ်။ Ph နဲ့ ပဲ ရိုက်မှာ ဖြစ်တဲ့ အတွက် .
လူဦးရေ လည်း ရူတင်မှာ မများပါဘူး။ ဒါလေးတွေ တော့ လုပ်လို့ရပါတယ်။ ကျွန်တော်မှာရှိတဲ့ Original Gangster၊ Special 9၊ သတိအန္တရာယ်ရှိသည်၊ ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ၊ Mafia City၊ YONE LAY Page တွေနဲ့ YONE LAY Acc ??အားလုံးပေါင်းရင် Follower 3 M လောက်ရှိပါတယ်။ ဒါလေး နဲ့ ကျွန်တော် ပြန်ရပ်တည်မယ်။ အရင်လို ပရဟိတ တွေ လိုအပ်တဲ့ လူတွေကို ကူဖို့မရရအောင် ပြန်ကြိုးစားမယ်။ အဲ့ဒီ အတွက် ကျွန်တော့် ကို ကြေညာလေးတွေအပ်ပါ။ အလုပ်လေးတွေ ပေးဖို့တောင်းဆိုပါတယ်။ တက်စွမ်း သလောက်အကောင်းဆုံးကြိုးစားပေးပါမယ်" ဆိုပြီးတော့ သြဂုတ်လ(၁၉) ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Yone Lay
ယုန်လေးအတွက် ပရိသတ်တွေက ပိုက်ဆံစုပြီး လစဉ်ထောက်ပံ့ကူညီငွေ ပေးအပ်သွားဖို့ စီစဉ်နေကြတာကို သိရလု့ိ ယုန်လေး ကိုယ်တိုင်ကလည်း ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ ယုန်လေး အနေနဲ့ ပရဟိတအလုပ်နဲ့ ပတ်သက်ပြီးသူ့ဘက်က ထောက်ပံ့ကြေးပေးနေရတဲ့ မိသားစုဝင်တွေ အတွက် စိတ်မကောင်းဖြစ်နေရတယ်လို့ ပြောပါတယ်။
" ကျွန်တော် တစ်နှစ် အပိတ်ခံရတယ်အပေါ်မှာ ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမယ့် စားဝတ်နေရေး နဲ့ ကျွန်တော် တာဝန်ယူထားတဲ့ လူတွေအတွက်တော့ ကျွန်တော် ပြန်ရုန်းကန်မှ ရမှာဖြစ်တဲ့ အတွက် ကျွန်တော်ရှင်သန်နေမှ ရပါမယ်။ We Love Yone Lay၊ We Stan With You Yone Lay ဆိုပြီး အဖွဲ့တွေ ဖွဲ့ထားပြီး ကျွန်တော်တာဝန်ယူထားတဲ့ လူတွေ နဲ့ ကျွန်တော့် အတွက် ထောက်ပံ့ကြေး သူတို့ တက်နိုင်သလောက် လစဉ်ပေးမယ် ထောက်ပံ့မယ်ဆိုပြီးပြောလာတော့ ပျော်ပြီးကြည်းနူးမိသလို ဝမ်းလည်း ဝမ်းနည်းမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ပဲ သူများကို ထောက်ပံ့ချင်တာ၊ ကူညီချင်တာ ၊ ကျွန်တော် မစွမ်းနိုင်တော့မှာကို အရင်လို ပြန်မရပ်တည်နိုင်မှာကို အကြောက်ဆုံးပဲ။ စရံ ယူစရာ ရိုက်စရာ ရုပ်ရှင်ကားတွေ ပျက်ခဲ့ပါတယ်။ အခု လုပ်လို့ရတဲ့ ဘောင်ထဲက အလုပ်လေးတွေကို အရင်ထက် ပိုကြိုးစားပြီး လုပ်ပါမယ် " လို့ သူက ဆိုပါတယ်။
Photo: Yone Lay
အဆိုတော် ယုန်လေးကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ " စည်းလုံးသင့်ပြီ မြန်မာပြည်"ဆိုတဲ့ Music Video ရိုက်ကူးရေးကို ကိုဗစ်ကာလအတွင်းမှာ ရိုက်ကူးခြင်းကြောင့် ရိုက်ကူးခွင့် တစ်နှစ် ပိတ်ပင်လိုက်တယ်လို့ ဥက္ကဌ ဦးညီညီထွန်းလွင်က သြဂုတ်လ (၇) ရက်နေ့ မနက်က အမှုဆောင်များအစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။ ယုန်လေးဟာ " စည်းလုံးသင့်ပြီ မြန်မာပြည်"ဆိုတဲ့ Music Video ကြောင့် အနုပညာရှင်တချို့နဲ့ ပရိသတ်များစွာတို့ရဲ့ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။