ပြောထားတဲ့ တကယ့် အနှစ်တွေပါပဲ။

ပရဟိတမင်းသားကြီးတစ်ဦး ဖြစ်တဲ့ ဦးကျော်သူက ပရဟိတကို ပေ့ါသေးသေးထင်ရင် မှားမယ်လို့ဆိုပါတယ်။ ပရဟိတအလုပ်က သာသနာပြုခြင်းပါပဲတဲ့။



Photo : ကျော်သူ



အနုပညာလောကမှာ အောင်မြင်ခဲ့သူတစ်ဦးဖြစ်သလို ပရဟိတမင်းသားကြီးလည်းဖြစ်တဲ့ ဦးကျော်သူက ပရဟိတအလုပ်အပေါ် ထားရှိရမယ့်စိတ်ထားလေးတွေကို ပြောပြခဲ့တာပါ။

"ပရဟိတကို ပေါ့သေးသေးလို့ထင်ရင်မှားမယ်။ ပရဟိတ အလုပ်ကသာသနာပြုခြင်းဘဲ။ မြတ်စွာဘုရားကို ကြည်ညိုကန်တော့ခြင်းဘဲ။ ဘုရားသခင်တိုင်းကို လေးစားသမုပြုခြင်းဘဲ။ ဘုရားသခင်တိုင်းရဲစကားကို နားထောင်ခြင်းဘဲ။ "ပရဟိတ" ဆိုတာ မြတ်စွာဘုရား ဘုရားမဖြစ်ခင် လုပ်ခဲ့တဲ့ အလုပ်။ ဘုရားသခင်တိုင်း သတ္တဝါတွေအပေါ် ကိုယ်ချင်းစာနာစိတ်နဲ့ပေးဆပ်ခဲ့တဲ့ မြင့်မြတ်တဲ့အလုပ်” လို့ ဆိုပါတယ်။

Photo : ကျော်သူ

ဒါကြောင့် ပရဟိတဆိုပြီး ကိုယ်တိုင် လူ့ကျင့်ဝတ် လူ့သိက္ခာ သီလတွေကို မစောင့်ထိန်းနိုင်ရင် ပရဟိတကို စော်ကားတာ ဖြစ်သွားမယ်လို့ ဆက်လက် ပြောထားပါသေးတယ်။

ဒါ့ကြောင့်. . "ပရဟိတ" "ပရဟိတ" ဆိုပြီး ကိုယ်တိုင်က လူ့ကျင့်ဝတ် လူ့သိက္ခာ လူ့သီလတွေကို မစောင့်ထိမ်းနိုင်ရင်တော့ "ပရဟိတ" ဆိုတာကို နာမည်ဖျက်တာ ဖြစ်သွားမယ်။ စော်ကားတာဖြစ်သွားမယ်။ ဒါဆိုရင် ဘုရားသခင်တိုင်းကို စော်ကားတာနဲ့တူတူဘဲပေါ့။ ဒီတော့ အားလုံး ဗြဟ္မစိုရ်တရားများလွှမ်းခြုံကာ ပရဟိတ သစ္စာဆိုနိုင်တဲ့ ပရဟိတသူရဲကောင်းများ ဖြစ်ကြပါစေ” ဆိုပြီး မေလ(၂၃) ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ ပရဟိတနဲ့ပတ်သက်ပြီး ဦးကျော်သူရဲ့ စကားကိုလည်း ထောက်ခံတဲ့ ပရိသတ်တွေ များစွာခဲ့ပါတယ်။

Photo : ကျော်သူ

ဦးကျော်သူက လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို နာရေးကူညီမှုအသင်းကြီးကိုလည်း ဦးဆောင်စီမံနေရသူ တစ်ဦးဖြစ်ပါတယ်။ ဒီအသင်းကနေ အလှူအတန်းတွေ၊ ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုချီးမြှင့်ပွဲမှာ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ ဒါရိုက်တာဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က