ပရဟိတ တောင်ပေါ်မှာ အဓိဌာန်ဝင်မှာ ဖြစ်ပါတယ်။

ဦးကျော်သူဟာ ဒီနေ့က စပြီး ပရဟိတအလုပ်တွေကို ခဏတာ စွန့်လွှတ်ပြီး အဓိဌာန်ဝင်သွားပြီလို့ ဆိုလာပါတယ်။ 

Photo: Kyaw Thu



နာရေးကူညီမှု အသင်း(ရန်ကုန်)အသင်းရဲ့ ပဲ့ကိုင်ရှင် ဦးကျော်သူကတော့ ဒီနေ့ ဇူလိုင်(၁၇) ရက်မှာ အဓိဌာန် စတင်ဝင်ရောက်တော့မှာဖြစ်ပါတယ်။ ဒီ အဓိဌာန်ဝင်နေချိန်အတွင်းမှာလည်း ပရဟိတအလုပ်ကို ခတ္တရပ်နား ထားမှာဖြစ်တယ်လို့ သိရပါတယ်။ 

“ ချစ်သူ မုန်းသူ၊သိသူ မသိသူအားလုံး မင်္ဂလာပါခင်ဗျာ။ ယနေ့ ကျွန်တော် ရန်ကုန်မြို့တွင် ပရဟိတလုပ်ငန်းမြတ်အား ခေတ္တ ခဏနား၍ အဓိဌာန်ဝင်ခြင်း ၊ မြေအောက် ရေကြောလုံးဝ မရှိဟုသတ်မှတ်ထားသော ပြည်မြို့အနောက်ဖက်ကမ်းရှိ ပရဟိတတောင်တော် ပေါ်တွင် အဓိဌာန်ပြုသစ္စာဆို၊ အားစိုက်မှုများကြောင့် ရေရရှိပြီးအရိပ်ရသစ်ပင်ကြီးများရှင်သန်ရေးအတွက် ပညာရှင်များဖြင့် ၁၉ ဇူလိုင်တွင် ဆောင်ရွက်ခြင်း၊ ရွှေလိပ်မင်းဘုရားအတွက် ဆောင်ရွက်ခြင်းများပြုလုပ်ရန် အတွက် ခရီးစတင်ထွက်ပြီဖြစ်ပါသည်” ဆိုပြီးတော့ ဇူလိုင် ၁၇ ရက်နေ့ မနက် ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Kyaw Thu

ဦးကျော်သူဟာ သာသနာ့ပြုလုပ်ငန်းတွေကို အဆက်မပြတ် လုပ်လေ့ရှိပါတယ်။ လက်ရှိ ပြုလုပ်လျှက်ရှိတဲ့ ကုသိုလ်အကျိုးတွေကိုလည်း ပရိသတ်အားလုံးကို အမျှပေးဝေပါတယ်လို့ သူက ဆိုပါတယ်။ 

“ အဓိဌာန်ခရီးတွင် မိမိ၏သီလ၊သမာဓိ၊သစ္စာကောင်းမှုများကြောင့်ရရှိလာမည့်ကောင်းမှုအားလုံးကို ချစ်သူ မုန်းသူ၊သိသူ မသိသူများ အားလုံးတို့အား အမျှပေးဝေပါမည်ဖြစ်ကြောင်း မေတ္တာထားအသိပေးအပ်ပါသည်။ သက်ရှည်ကျန်းမာချမ်းသာ သောကကင်းဝေးငြိမ်းချမ်း သာယာဝပြောကြပါစေ” ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Kyaw Thu

ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူနဲ့အတူ အနန္တမေတ္တာပရဟိတအဖွဲ့သားတွေကလည်း မေလ (၂၅) ရက်နေ့ နဲ့ (၂၆) ရက်နေ့တို့မှာလည်း စားဝတ်နေရေးအခက်အခဲ ကြုံနေရတဲ့ အနုပညာလောကသားတွေထဲက ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေ၊ ဇာတ်ညွှန်းအလွှာက အနုပညာရှင်တွေအတွက် စားနပ်ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က