ချို့တဲ့မိသားစုတွေအတွက် သွားလှူခဲ့ပါတယ်။

နှစ်တစ်နှစ်ရဲ့အစ ပထမဆုံးရက်လေးမှာ လူသားတွေရဲ့ လိုအပ်မှုတွေ တစ်ထောင့်တစ်နေရာက ပံ့ပိုးနေနိုင်တဲ့အတွက် ခိုင်နှင်းဝေတစ်ယောက် ပျော်လို့နေပါတယ်။

Photo : ခိုင်နှင်းဝေ FB



ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေက ဒီနေ့(ဇန်နဝါရီ၁ရက်)မှာ နှစ်ဦးအလှူအနေနဲ့ မရမ်းကုန်းမြို့နယ်မှာ ရှိတဲ့ ချို့တဲ့မိသားစု(၃၀၀)အတွက် လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ နှစ်တစ်နှစ်ရဲ့ အစ ပထမဆုံး ရက်လေးမှာ လူသားတွေရဲ့ လိုအပ်မှုကို တထောင့်တစ်နေရာက ပံ့ပိုးပေးရတဲ့အတွက် ခိုင်နှင်းဝေ တစ်ယောက် အရမးကို ပျော်လို့နေပါတယ်။

“နှစ်တစ်နှစ်ရဲ့ အစ ပထမဆုံးရက်မှာ လူသားတွေရဲ့ လိုအပ်မှု တချို့ကို တထောင့်တနေရာက ပံ့ပိုးခြင်း ဖြင့် စတင်လိုက်ပါပြီရှင် ယနေ့မနက် မရမ်းကုန်းမြို့နယ် ရှိ ချို့တဲ့သောမိသားစု ၃၀၀ စာအတွက် လူတစ်ဦးလျှင် ခေါင်းအုံး စောင် ပန်းကန် ဆပ်ပြာ ငါးခြောက် ကြာဇံထုပ် အဝတ်အစားများ နှင့် အိမ်သုံးပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ပါတယ်ရှင် ။နှစ်ဦးအလှူလေးအတွက် ကျွန်မနှင့်အတူ အလှူငွေကျပ် ၅၀၀၀၀ကျပ် စီ ပါဝင်ပေးကြတဲ့ ညီမလေး ထားထက်ထက် နှင့် ဆောင်းယွန်းစံ တို့ကိုလည်း ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပါတယ်ရှင် “ ဆိုပြိး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ (၁) ရက်နေ့က ရေးသားထားပါတယ်။

Photo : ခိုင်နှင်းဝေ FB

အခုလိုမျိုး သူမရဲ့ ချွေးနည်းစာလေးနဲ့ လှူဒါန်းမှုပြုနိုင်အောင် အမြဲအားပေးကြတဲ့ (၇) ရက်သားသမီး ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောပြထားပါတယ်။

“ကျွန်မခုလို ချွေးနည်းစာလေးနှင့် လှူဒါန်းမှုများပြုလုပ်နိုင်အောင် ကျွန်မကို အမြဲအားပေးကြတဲ့ ၇ရက်သားသမီးများ အားလုံးကိုလည်း ဂါရဝတရား ဦးထိပ်ထားပြီး ကျေးဇူးတင်အပ်ပါတယ်ရှင်” ဆိုပြီး ခိုင်နှင်းဝေက ဆက်လက်ပြောပြထားပါတယ်။


Photo : ခိုင်နှင်းဝေ FB

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။

ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ခိုင်နှင်းဝေတို့ ပရဟိတအသင်းဟာ ကရင်ပြည်နယ်ဘက်မှာ ရေကြီးနေတဲ့ ရွာတွေကို တစ်ရွာပြီး တစ်ရွာ သွားလှူနေတာတွေ့ရပါတယ်။

Photo : ခိုင်နှင်းဝေ FB

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က