ပြောင်းရွှေ့ခွင့်ရမယ့်အခွင့်အရေးတွေကို ငြင်းပယ်ခဲ့တယ်လို့ ပြောခဲ့တာပါ။

ချယ်ဆီးကွင်းလယ်ကြယ်ပွင့် ကန်တေဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခွင့်ရမယ့်အခွင့်အရေးတွေကို ငြင်းပယ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ချယ်ဆီးမှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ကြောင်း Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်ကတည်းက ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ကို စိတ်ဝင်စားနေကြောင်း ထုတ်ဖော်ပြသခဲ့ပေမယ့် ကန်တေက အပြောင်းအရွှေ့ပြုလုပ်ဖို့အတွက် စိတ်ဆန္ဒအနည်းငယ်သာရှိကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

ကန်တေကို ပီအက်စ်ဂျီအသင်းက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့အချိန်မှာ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပေမယ့် ကန်တေက ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပြီး နောက်ဆုံးမှာတော့ ချယ်ဆီးနဲ့ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ကန်တေကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကို လက်လျှော့ခဲ့ခြင်းမရှိသေးဘဲ လာမယ့်နွေရာသီမှာ ကမ်းလှမ်းမှုပြုလုပ်သွားဖို့ စဉ်းစားနေပေမယ့် ကန်တေက လန်ဒန်မှာ အခြေကျနေပြီဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“တစ်ခါတရံမှာ ကျွန်တော်တို့ ဘယ်နေရာကို သွားရမလဲဆိုတာကို သိနေစရာမလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ ရှိတဲ့ဟာကိုတော့ သိပါတယ်။ ကျွန်တော်က ချယ်ဆီးမှာ ရှိနေတယ်ဆိုတာကို သိနေပြီး ကျွန်တော် ဒီမှာ ကောင်းမွန်နေပါတယ်”

“တကယ်လို့ ကျွန်တော် ပီအက်စ်ဂျီအသင်းကို မလာချင်ဘူးဆိုရင် အဲဒါက ပိုပြီး အားကစားဆန်တဲ့ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။ ကျွန်တော် လန်ဒန်မှာ ကောင်းမွန်နေတယ်လို့ ခံစားနေရပြီး အဲဒီမှာ နေရတာကိုလည်း ပျော်ရွှင်နေပါတယ်”လို့ Canal Plus ကို ပြောကြားသွားခဲ့ပါတယ်။

Share

က္က