ပီအက်စ်ဂျီအသင်းကို အနိုင်ကစားနိုင်မယ်လို့ ယုံကြည်နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ပီအက်စ်ဂျီအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်တဆင့်တက်နိုင်မယ့်အခွင့်အရေးနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ် ထားရှိနေဆဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်ဆင်ကစားသွားမှာဖြစ်တယ်လို့ ဆိုးလ်ရှားက ကတိပေးခဲ့ပါတယ်။ မာရှယ်ဟာ ပါဝင်ကစားနိုင်ဖို့ မရေမရာဖြစ်နေဆဲဖြစ်ပြီး ဟာရဲရား၊ မာတစ်တို့ကတော့ ပြင်သစ်ကို ထွက်ခွာမယ့် လူစာရင်းမှာ ပါဝင်ခြင်းမရှိပါဘူး။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြန်လာနိုင်မယ့် အခွင့်အရေးဟာ နည်းပါးနေပေမယ့် ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ဆိုးလ်ရှားက ပီအက်စ်ဂျီအသင်းကို အနိုင်ကစားနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ သာမန်စွမ်းဆောင်ရည်အောက် ခြေစွမ်းလောက်နဲ့ အနိုင်မရနိုင်ပါဘူး။ ကျွန်တော်တို့ အဝေးကွင်းမှာဆို အံ့အားသင့်စရာတွေ လုပ်ပြနိုင်ခဲ့ပါတယ်”

“ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့မဟုတ်ဘဲနဲ့ အဲဒီကို သွားမှာမဟုတ်ပါဘူး”

“ကျွန်တော်တို့ အဲဒီကိုသွားပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ အဲဒီနေရာက လာဖို့ ခက်ခဲတဲ့နေရာဆိုတာ ကျွန်တော်တိုု့ သိပါတယ်။ သူတို့ အိုးထရက်ဖို့ဒ်မှာ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အဲဒီတော့ အဲဒီကိုသွားပြီး သူတို့ဘာလုပ်နိုင်လဲဆိုတာပြသဖို့က ကျွန်တော်တို့ကစားသမားတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါပဲ”

“ကျွန်တော်တို့ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိတာထက် ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရဖို့ပဲ ကြိုးပမ်းမှာပါ။ ကျွန်တော်တို့ ပထမပိုင်းမှာ သူတို့ထက် စိတ်ဆန္ဒပိုမိုပြင်းပြစွာနဲ့ ကစားနိုင်ခဲ့ပါတယ်။ တကယ်လို့ ခင်ဗျား ပထမပိုင်းမှာ ၁ ဂိုးသာရခဲ့မယ်ဆိုရင် ဒုတိယပိုင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်”

“ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ် နောက်ဆုံးမိနစ် ၂၀ မှာ သူတို့တွေက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေပြီး ပျော်ရွှင်နေကြတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ဟာကိုယ် အစီအစဉ်ချနိုင်ခဲ့တယ်လို့ တွေးမိခဲ့ပါတယ်။ လင်ဒီလော့ဖ်က နောက်တန်းမှာ တပ်သားတွေကို စုစည်းနိုင်ခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ အဲဒီကိုသွားပြီး ဂိုးသွင်းယူမယ်။ နောက်ဆုံး ၁၅ မိနစ် ဒါမှမဟုတ် မိနစ် ၂၀ မှာ ရလဒ်ကို ကမောက်ကမဖြစ်အောင် လုပ်ပစ်မယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က