ကိုယ်တိုင်ဂိုးသွင်းယူခဲ့သလို အသင်းဖော်တွေကိုလည်း ၂ ကြိမ်ဂိုးဖန်တီးပေးခဲ့သူပါ။

အင်တာမီလန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ ချယ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းတို့ စောင့်ကြည့်နေတဲ့ လိုင်လီကြယ်ပွင့် နီကိုလတ်စ်ပီပီကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ သိရပါတယ်။

ပီပီဟာ ဥရောပထိပ်တန်းအဆင့်အသင်းတွေရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ယခုတစ်ရာသီလုံး လိုင်လီအသင်းနဲ့အတူ အထင်ကြီးဖွယ်ခြေစွမ်းပြသနေတဲ့ တောင်ပံကစားသမားဖြစ်ပါတယ်။

ပီပီဟာ ယခုရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ထားပြီး ပီအက်စ်ဂျီကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။

လိုင်လီအသင်းက ပီအက်စ်ဂျီအသင်းကို ၁၉ နှစ်အတွင်း အကြီးမားဆုံးနိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ လိုင်လီအသင်းဥက္ကဌ ဂျရတ်လိုပက်ဇ်က ယခုနွေရာသီမှာ အသင်းရဲ့ကြယ်ပွင့် ပီပီ ထွက်ခွာမှာသေချာကြောင်း ပြောကြားခဲ့ပါတယ်။

“သေချာပါတယ်။ သူ့ကို လိုင်လီအသင်းက ထပ်ပြီးမပေးနိုင်တော့တဲ့ ဈေးနှုန်းသတ်မှတ်ချက်နဲ့ လစာပမာဏကို သူ ရယူသွားမှာပါ”

“အဲဒီတော့ အဲဒါက ရှင်းပါတယ်။ သူ့အတွက်လည်း ကစားသမားဘဝရွေးချယ်စရာရှိနေပါတယ်။ အဲဒါပြီးရင် သူ ဘယ်ကိုသွားမှာလဲ။ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ မေလလယ်လောက်အထိ အပြောင်းအရွှေ့အကြောင်း မပြောသေးပါဘူး။ သူ့မှာ ရွေးချယ်မှုရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်”လို့ Telefoot ကို ပြောကြားခဲ့ပါတယ်။

 

Share

Loading Next Article...
က္က