မန်ယူအသင်းပဏာမလူစာရင်းနဲ့အတူ လိုက်ပါလာခဲ့သူတွေဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒဏ်ရာရကစားသမားများပြားမှုဟာ ယာယီနည်းပြဆိုးလ်ရှားကို ရွေးချယ်ခွင့်မရှိဖြစ်စေခဲ့ပြီး အကယ်ဒမီက လူငယ်ကစားသမားတွေကို ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ် ပဏာမလူစာရင်းအတွက် ခေါ်ယူစေခဲ့ပါတယ်။

ယာယီနည်းပြ ဆိုးလ်ရှားဟာ စီနီယာကစားသမား ၁၀ ဦးမပါဝင်ဘဲ ပီအက်စ်ဂျီအသင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး အိန်ဂျယ်ဂိုးမက်စ်၊ တာဟစ်ချောင်၊ ဂျိမ်းစ်ဂါနာတိို့အားလုံးဟာ ပြီးခဲ့တဲ့ ၆ ရက်အကျော်လောက်ကတည်းက ပရီးမီးယားလိဂ်ပွဲစဉ်လူစာရင်းမှာပါဝင်ခွင့်ရရှိခဲ့ဖူးသူတွေဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ အလက်ဆစ်ဆန်းချက်ဇ် ဒဏ်ရာရရှိသွားမှုက မေဆင်ဂရင်းဝုဒ်ကို ကစားသမားဘဝနောက်တစ်ဆင့်ကို တက်လှမ်းခွင့်ရရှိစေခဲ့တာဖြစ်ပါတယ်။ ယာယီနည်းပြဆိုးလ်ရှားက ဘရန်ဒန်ဝီလီယံလည်း ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ လိုက်ပါရမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

မေဆင်ဂရင်းဝုဒ်

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နှစ်တွေက မန်ချက်စတာယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အကောင်းဆုံးလူငယ်ပါရမီရှင်တွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရွှေရောင်မျိုးဆက်ဖြစ်တဲ့ Class of 92 နဲ့ နှိုင်းယှဉ်ခံထားရသူ ဖြစ်ပါတယ်။

မေဆင်ဂရင်းဝုဒ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ဟာ ပြီးခဲ့တဲ့အပတ်တွေကလည်းက ရရှိဖို့နီးစပ်ခဲ့ပေမယ့် နှောင့်နှေးနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အသက် ၁၇ နှစ်ပြည့်ခဲ့တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အမျိုးမျိုးသောမန်ယူလူငယ်အသင်းတွေအတွက် ၂၂ ဂိုးအထိ သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

မန်ယူအသင်းကို ဆိုးလ်ရှား ရောက်ရှိလာတဲ့အချိန်ကစပြီး အလားအလာရှိတဲ့ ပါရမီရှင် မေဆင်ဂရင်းဝုဒ်ကို အငှားချမယ့်အစီအစဉ်ကို ဖျက်သိမ်းစေခဲ့တာဖြစ်ပြီး ယခုရာသီမှာ ပွဲထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ဘရန်ဒန်ဝီလီယံ

အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရန်ဒန်ဝီလီယံဟာ ပဲရစ်ကို ထွက်ခွာခဲ့တဲ့ မန်ယူအသင်းလူစာရင်းထဲမှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဆိုးလ်ရှားက ညာနောက်ခံနဲ့ ဘယ်နောက်ခံ ၂ နေရာစလုံးမှာ အံဝင်ခွင်ကျဖြစ်အောင် ကစားနိုုင်တဲ့ ဘရန်ဒန်ဝီလီယံရဲ့အကြောင်းကို ရှင်းပြခဲ့ပါတယ်။ ဘရန်ဒန်ဝီလီယံရဲ့ လျင်မြန်မှုကြောင့် ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်အတွက် လူစာရင်းအတွက် ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

“သူ လိုက်ရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် ခင်ဗျား ရုတ်တရက်ခေါ်ယူခံရတဲ့အတွက် ဒီမှာအစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေရတာပဲ”

“အဲဒါကြောင့်ပဲ ခင်ဗျား အကယ်ဒမီမှာ ရှိနေတာလေ။ ကျွန်တော်တို့ ခင်ဗျားကို ယုံကြည်ပြီး ရုတ်တရက်ခင်ဗျား နောက်တဆင့်ကို တက်လှမ်းရမှာပါ။ အဲဒါကြောင့်လည်း သူတို့အတွက် ကျွန်တော်တို့မှာ နည်းပြကောင်းတွေရှိနေတာပါ။ သူတို့ကို အဆင်သင့်ဖြစ်အောင်လုပ်ပေးဖို့အတွက်ပေါ့”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ကြောင်း Evening Standard က ဖော်ပြခဲ့ပါတယ်။

ဝီလီယံဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြီးခဲ့တဲ့ ဧပြီလမှာ ၎င်းရဲ့ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ယခုရာသီမှာ ယူနိုက်တက်ယူ-၁၈ အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် ဘယ်နောက်ခံနေရာကနေ အများဆုံး ကစားပေးနေရသူဖြစ်ပါတယ်။ ဘရန်ဒန်ဝီလီယံဟာ ၁၁ ပွဲကစားထားရမှာ ၃ ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က