ပီအက်စ်ဂျီအသင်းပိုင်ရှင်ကို တရားစွဲဆိုထားတာပါ။

ပီအက်စ်ဂျီအသင်းပိုင်ရှင် နာဆာ အယ်လ်ခီလိုင်ဖီကို ဆွစ်ဇာလန်တရားရုံးက ထောင်ဒဏ် (၂) နှစ်ချမှတ်နိုင်တဲ့ အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရှိရပါတယ်။ ပြင်သစ်သတင်းစာရဲ့ ဖော်ပြချက်အရ ရှေ့နေ ကက်စတယ်လိုတီက အယ်လ်ခီလိုင်ဖီကို ရုပ်သံထုတ်လွှင့်ခွင့် အလွဲသုံးစားပြုလုပ်မှုနဲ့ပတ်သက်လို့ လျှော့ရက်မရှိဘဲ ထောင်ဒဏ် (၂၈) လ ချမှတ်ဖို့ အကြံပြုထားပါတယ်။



အယ်လ်ခီလိုင်ဖီဟာ ဒီလိုမျိုးကျူးလွန်ဖို့အတွက် ဖီဖာရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဗာလ်ကီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဗာလ်ကီကိုတော့ ထောင်ဒဏ် (၃၅) လ ချမှတ်ဖို့ အကြံပြုတိုက်တွန်းထားကြပါတယ်။ အယ်လ်ခီလိုင်ဖီဟာ ရုပ်သံအခွင့်အရေးဆိုင်ရာ သဘောတူညီချက်တခုကို ကျူးလွန်ဖို့ ဗာလ်ကီကို လှုံ့ဆော်ခဲ့တယ်လို့ ပြီးခဲ့တဲ့ (၂၀၂၀) က ဆွစ်ဇာလန်နိုင်ငံအတွင်းမှာ တရားစွဲဆို စွပ်စွဲခံခဲ့ရပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ အယ်လ်ခီလိုင်ဖီ တရားသေလွတ်မြောက်ခဲ့ပေမယ့် ဖက်ဒရယ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးက ဒီအမှုနဲ့ ပတ်သက်တဲ့ အယူခံတွေကို လက်ခံကြားနာခဲ့ပါတယ်။ အယ်လ်ခီလိုင်ဖီဟာ သူ့ရဲ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဗာလ်ကီကို သူ့ရဲ့ဇိမ်ခံအိမ် အခမဲ့အသုံးပြုခွင့်ပေးခဲ့ပြီး လာဘ်ထိုးခဲ့တယ်လို့ လွန်ခဲ့တဲ့နှစ်နှစ်မှာ တရားရုံးက ကြားနာခဲ့ပါတယ်။

beIN Sport ရုပ်သံလိုင်းရဲ့ အကြီးအကဲလည်းဖြစ်တဲ့ အယ်လ်ခီလိုင်ဖီဟာ သူ့ရဲ့ ခန့်မှန်းခြေ ပေါင် (၁.၆၆) သန်း တန်ကြေးရှိတဲ့ ဇိမ်ခံအိမ်ကြီးကို ဗာလ်ကီအတွက် တနှစ်ခွဲကြာ အခကြေးငွေမယူဘဲ အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဗာလ်ကီဟာ (၂၀၁၅) မှာ ဖီဖာကနေ အထုတ်ခံခဲ့ရပြီး ဒီမတိုင်ခင်မှာလည်း ဒီအကြောင်းအရာတွေကို သတင်းပို့ဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

အယ်လ်ခီလိုင်ဖီရဲ့ beIN Sport ဟာ (၂၀၂၆) နဲ့ (၂၀၃၀) ကမ္ဘာ့ဖလားတို့အတွက် ရုပ်သံမူပိုင်ခွင့်ကိုရရှိထားပြီးဖြစ်ပါတယ်။ ဒီလိုမျိုးရရှိထားတဲ့အတွက်လည်း အယ်လ်ခီလိုင်ဖီက တင်ဒါခေါ်ယူမှုမရှိသည့်တိုင် သူ့အနေနဲ့ ရုပ်သံမူပိုင်ခွင့်အတွက် တန်ကြေးငွေကို အပြည့်အဝ ပေးချေပြီးဖြစ်တယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က