ပထမဆုံး ကွင်းထဲမှာ ပါဝင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့ညနေက လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းကို ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ကြည်နူးဖွယ် ပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။

ရီယက်ဒ် ကြယ်စင်စုအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ကြာသပတေးနေ့ညနေမှာ King Fahd နိုင်ငံတကာကွင်းကြီးထဲမှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပြင်သစ်လီဂူးဝမ်းအသင်းကြီးက ၅-၄ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ ဆော်ဒီ အာရေဗျကလပ် အယ်လ် နက်ဆာကို ယခုလအစမှာ ပြောင်းရွှေ့ပြီးနောက်ပိုင်း ပထမဆုံး ကွင်းထဲမှာ ပါဝင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။



ပွဲအပြီးမှာ ရော်နယ်လ်ဒိုက ၎င်းရဲ့ လူမှုကွန်ရက်အကောင့်မှာ ပုံ ၄ ပုံတင်ခဲ့ပြီး တစ်ပုံက လီယွန်နယ် မက်ဆီနဲ့ ပုံဖြစ်ပြီး "ကွင်းထဲကို ပြန်လည်ခြေချရပြီး ဂိုးသွင်းသူစာရင်းထဲမှာ ရှိခဲ့ရတာ အရမ်းပျော်ရွှင်မိပါတယ်။ မိတ်ဆွေဟောင်းအချို့နဲ့ တွေ့ဆုံရတာကလည်း ကောင်းမွန်ခဲ့ပါတယ်"လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 


ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဆော်ဒီ အာရေဗျက ပွဲဦးထွက်ညဟာ အကြောင်းအရင်းများစွာကြောင့် အမှတ်တရဖြစ်ခဲ့ပြီး သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ရုံသာမက အသင်းဖော်ဟောင်းတွေထဲကတစ်ဦးဆီကနေ မလိုလားအပ်တဲ့ အမှတ်တရတစ်ခုကို ရရှိခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ ခြေစမ်းပွဲ ပထမပိုင်း ပြီးဆုံးဖို့ နီးကပ်လာချိန်မှာ ပေါ်တူဂီကြယ်ပွင့်ဟာ ဂိုးသမား ကေလာ နားဗက်စ်ရဲ့ လက်သီးနဲ့ ထိုးခြင်းခံခဲ့ရတာဖြစ်ပြီး ထိတွေ့မှုဟာ အိမ်ရှင်ကို ပင်နယ်တီပေးဖို့ လုံလောက်ခဲ့ပြီး ရော်နယ်လ်ဒိုလည်း မျက်ကွင်းကြီး ညိုသွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ရူးသွပ်စရာကောင်းတဲ့ မိနစ် ၉၀ ကို ဖော်ပြခဲ့တဲ့ နားဗက်စ်ရဲ့ ထူးဆန်းတဲ့ အမှားအယွင်းတစ်ခုဖြစ်ခဲ့ပြီး အံ့အားသင့်ဖွယ် သွင်းဂိုး ၉ အပြင် အံ့အားသင့်ဖွယ် ပတ်ဝန်းကျင်နဲ့ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက အချို့ရဲ့ အားပြိုင်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က