ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့လာတာပါ။

ဒီနှစ်အတွက် ဘလွန်းဒီအောဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ မက်ဆီဟာ လက်ရှိမှာတော့ ပြင်သစ်မှာအထိုင်ကျဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။


ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တဲ့အပေါ်မှာ နောင်တမရဘူးလို့ မက်ဆီက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြလိုက်ပါတယ်။ သူ့အနေနဲ့ ပြင်သစ်ကလပ်မှာ အရမ်းပျော်ရွှင်နေပြီး အိမ်အသစ်တစ်ခုလိုခံစားနေရတယ်လို့လည်း မက်ဆီက ဆိုခဲ့ပါတယ်။ ဒီနှစ်အတွက် ဘလွန်းဒီအောဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ မက်ဆီဟာ လက်ရှိမှာတော့ ပြင်သစ်မှာအထိုင်ကျဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။



လီဂူးပြိုင်ပွဲမှာ ပီအက်စ်ဂျီအတွက် သွင်းဂိုးနဲ့ ဖန်တီးမှုတွေ မပြုလုပ်နိုင်သေးဘဲ ရှိနေလို့ မက်ဆီအပေါ် ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ ကလပ်အတွက် နောက်ဆုံးကစားပေးထားတဲ့ ရန်းနက်စ်နဲ့ပွဲမှာ မက်ဆီခြေစွမ်းပြကစားပြီး အခွင့်အရေးတွေဖန်တီးပေးနိုင်ပေမယ့် အသင်းဖော်တွေရဲ့ အဆုံးသတ်အားနည်းမှုကြောင့် သူ့ရဲ့ကြိုးစားအားထုတ်မှုတွေက အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။ 

မက်ဆီက "ကျွန်တော့်ကစားသမားဘဝအတွက် ကလပ်အသင်းသစ်ရှာဖွေဖို့ လိုအပ်လာခဲ့ပါတယ်၊ ကံကောင်းတာက ပီအက်စ်ဂျီအပါအဝင် အသင်းအများအပြားက ဆက်သွယ်လာခဲ့တာပါ၊ ပီအက်စ်ဂျီကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကို ကောင်းကောင်းကြိုဆိုပေးခဲ့တာပါ၊ ကျွန်တော့်ကို အမှန်တကယ်အလိုရှိနေတယ်ဆိုတာကိုလည်း သူတို့ပြသခဲ့ပါတယ်"

"အခုဆို ကျွန်တော်အရမ်းပျော်ရွှင်နေပါပြီ၊ အခြားကမ်းလှမ်းမှုတွေလည်း ကျွန်တော်ရခဲ့ပါတယ်၊ ဒါပေမယ့်လည်း ပီအက်စ်ဂျီနဲ့တော့ မြန်မြန်ဆန်ဆန်ပဲ သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်၊ အသင်းစီမံကိန်း၊ ကစားသမားအင်အား၊ အရည်အသွေးတွေက သူတို့နဲ့ လွယ်လွယ်ကူကူပဲ သဘောတူညီဖို့ဖြစ်လာခဲ့ပါတယ်၊ ဘာအမှားအယွင်းမှလည်းမရှိပါဘူး၊ ကျွန်တော်တို့လိုမျိုး စပိန်လိုပြောတတ်တဲ့ကစားသမားတွေအများကြီးရှိနေခဲ့လို့ ပေါင်းစည်းဖို့ လွယ်ကူခဲ့ပါတယ်" လို့ မက်ဆီက France Football ကို ပြောခဲ့ပါတယ်။


မက်ဆီဟာ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Share

က္က