လီဗာပူးလ်က ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

မက်ဆီ၊ ရာမို့စ်၊ ဒွန်နာရမ်မာ၊ ဟာကီမီတို့နဲ့အတူ ပီအက်စ်ဂျီကို ရောက်ရှိသွားခဲ့တဲ့ ၀ိုင်နယ်ဒမ်ဟာ အသင်းသစ်မှာ ပုံမှန်ကစားခွင့် ဆုံးရှုံးနေတာလည်းဖြစ်ပါတယ်။


လီဗာပူးလ်ကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဒီရာသီမှာ ရောက်ရှိခဲ့တဲ့ နယ်သာလန်ကွင်းလယ်လူဝိုင်နယ်ဒမ်က သူ့အနေနဲ့ အားလုံးထင်မှတ်သလို ပျော်ရွှင်နေတာမျိုးမဟုတ်ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ မက်ဆီ၊ ရာမို့စ်၊ ဒွန်နာရမ်မာ၊ ဟာကီမီတို့နဲ့အတူ ပီအက်စ်ဂျီကို ရောက်ရှိသွားခဲ့တဲ့ ၀ိုင်နယ်ဒမ်ဟာ အသင်းသစ်မှာ ပုံမှန်ကစားခွင့် ဆုံးရှုံးနေတာလည်းဖြစ်ပါတယ်။



လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက်မှာ သူက ပြင်သစ်ထိပ်သီးကလပ်ကို ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ ဘာစီလိုနာကိုပြောင်းရွှေ့ကာ နည်းပြရော်နယ်ကိုးမန်းလက်အောက်မှာ လက်ရွေးစင်အသင်းဖော်ဟောင်းဒီပိုင်းနဲ့ တွဲဖက်ကစားဖို့ ၀ိုင်နယ်ဒမ်က ဆန္ဒရှိခဲ့ပေမယ့် ပီအက်စ်ဂျီဘက်က ၃ နှစ်စာချုပ်နဲ့ ကမ်းလှမး်ခဲ့ချိန်မှာတော့ ပဲရစ်ကို ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ပီအက်စ်ဂျီမှာ နည်းပြပိုချက်တီနိုက ဂွီယီ နဲ့ ဗာရက်တီတို့ကို ပိိုမိုဦးစားပေးအသုံးပြုနေကာ ၀ိုင်နယ်ဒမ်က လီဂူးနောက်ဆုံးငါးပွဲမှာ တစ်ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ "ကျွန်တော်လုံးဝပျော်ရွှင်နေတယ်လို့မပြောနိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ အခြေအနေတွေက ကျွန်တော်လိုချင်တဲ့ပုံစံမျိုးမဟုတ်လို့ပါ၊ ဒါပေမယ့်လည်း ဒါက ဘောလုံးပါပဲ၊ ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကျွန်တော်သင်ယူရမှာဖြစ်ပြီး ကျွန်တော်က ဖိုက်တာတစ်ဦးပါ"

"ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော်ပွဲအများကြီးကစားခဲ့ရတယ်၊ အမြဲတမ်းကြံ့ခိုင်မှုပြည့်ဝနေပြီး ကောင်းကောင်းလည်းလုပ်ပြနိုင်ခဲ့ပါတယ်၊ ဒါက ကွဲပြားခြားနားတဲ့အရာတစ်ခုဖြစ်ပြီး ဒီအပေါ်မှာ အလေ့အကျင့်ရလာအောင် လုပ်ရမှာပါ၊ ကျွန်တော့်ရဲ့ ခြေလှမ်းအသစ်အပေါ် အရမ်းမျှော်လင့်ခဲ့ပေမယ့် အခုလိုတွေဖြစ်ပျက်ခဲ့ပါတယ်၊ ဒါက အရမ်းခက်ခဲပါတယ်" လို့ ၀ိုင်နယ်ဒမ်က ဂျီဘရော်တာနဲ့ကစားခဲ့တဲ့ပွဲမတိုင်ခင် ဟော်လန်သတင်းစာတစ်ခုကို ပြောဆိုခဲ့ပါတယ်။ 


Share

က္က